Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သီပေါမြို့နယ်အတွင်းရှိ (CERP)အရစိုက်ပျိုးသောမိုးစပါး(RS-CS)မျိုးစေ့ထုတ်စိုက်ခင်းအား တတိယအကြိမ် မျိုးကွဲပယ်ခြင်း ကွင်းဆင်းဆောင်ရွက်
Nov 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်−၁၉ ကာလ စီးပွားရေးကုစားမှု COVID-19 Economic Relief Plan အရ စိုက်ပျိုးသောမိုးစပါး(RS-CS) မျိုးစေ့ထုတ် စိုက်ခင်းများရှိ ဘော်ကြိုကျေးရွာအုပ်စု ၊ ဆားတွင်းကျေးရွာနှင့် မန်ဟဲ ကျေးရွာအုပ်စု ၊ နားခဲကျေးရွာတို့တွင် ယနေ့နံနက်ပိုင်းက မျိုးကွဲပယ်ခြင်းနှင့် ပေါင်းမြက်နုတ်ပယ်ခြင်းတို့ကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တတိယအကြိမ် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့ Facility Quarantine Centerမှ ဓါတ်ခွဲနမူနာများအား ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ ပို့ဆောင်
Nov 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ Facility Quarantine Centerတွင် ဝင်ရောက်နေသော ရန်ကုန်တိုင်းဒေသကြီးပြန် (၁၀)ဦးထံမှ ဓါတ်ခွဲနမူနာများရယူ၍ ယနေ့နံနက် ၈ နာရီက ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းကင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၉၄၅၄) အား စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်
Nov 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူ တန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်မြောက် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ တာဝန်ရှိ သူများက ယမန်နေ့မှ စတင်၍ ပြည်သူတို့လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖောင်းပြင်မြို့နယ်တွင် သီးထပ်စနစ်ဖြင့် ပြန်လည်စိုက်ပျိုးနိုင်ရန် ထိုင်ဝမ်သကြားပြောင်း စိုက်ပျိုးသူများပြား
Nov 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာတွင် စပါး၊ ပဲမျိုးစုံနှင့် အခြားဆီထွက်သီး နှံများကို အားပြုစိုက်ပျိုးကြရာ တောင်သူများအနေဖြင့် ယခင်နှစ်များက တစ်နှစ်လျှင်သီးနှံတစ်မျိုး တည်းကိုသာ စိုက်ပျိုးလာကြသော်လည်း ယခုအခါ နှစ်သီးစား စိုက်ပျိုးနိုင်ရန်အတွက် ထိုင်ဝမ်သကြား ပြောင်းကိုစိုက်ကြသူများပြားခဲ့ကြောင်း တောင်သူများ ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်သည့် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
Nov 16,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ လုံခြုံရေး တာဝန်ထမ်းဆောင်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်တွင် ပန်းသစ္စာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက်တွင် ကိုဗစ်-၁၉ဖြစ်ပွားနေသော ကာလအတွင်း နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများပေးအပ်
Nov 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက်တွင် ကိုဗစ်-၁၉ဖြစ်ပွားနေသော ကာလအတွင်း နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ်မြောက် ပေးအပ်သော ထောက်ပံ့ငွေများကို ရပ်ကွက် အတွင်းရှိ အိမ်ထောင်စုတိုင်းအား တစ်အိမ်ထောင်လျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့ပေါ် ရပ်ကွက်(၅)ရပ်ကွက်တွင် အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေပေးအပ်
Nov 16,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြခံ လူတန်းစားများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းက သံတောင် ကြီးမြို့ပေါ် ရပ်ကွက်(၅) ရပ်ကွက်တွင် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်တွင် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
Nov 16,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တနင်္သာရီမြို့နယ် မြို့မရဲစခန်း အစည်းအဝေးခန်းမအတွင်း နိုဝင်ဘာလ၁၆ရက်နံနက် ၈နာရီအချိန်က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲကာလ၌ တာဝန်ကျရာ မဲရုံအသီးသီးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သည့် အထူးရဲတပ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲခေါင်မြင့်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ အထူးရဲတပ်ဖွဲ့ဝင်(၉၈)ဦး တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28248
Page
28249
Page
28250
Page
28251
Current page
28252
Page
28253
Page
28254
Page
28255
Page
28256
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department