အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ မဲတင်းတိမ်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန် နိုင်ငံတော်အစိုရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ် ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
Nov 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်နှင့် ကျုံပျော်မြို့နယ် ဆက်စပ်ထားသော ဇီးငူအုပ်စုရှိ ကင်ပွန်းခြုံ တံတားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်မ တာဝန်ရှိသူများက ပန္နက်တင်မင်္ဂလာ ကျင်းပခဲ့သည်။
Nov 16,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်၊ ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသော ဘုရင့်နောင်လမ်းမကြီး မြို့တွင်းလမ်းဆောင်ရွက်မှု ၅၀%ပြီးစီးကြောင်းသိရသည်။
Nov 16,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသအတွင်းရှိ ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှ (စတုတ္ထ) အကြိမ် ထောက်ပံ့သော ပုံမှန်၀င်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့က ကျေးရွာ များအရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 16,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သော အထူးရဲ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 16,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများ သဘာဝဘေးန္တရာယ်နှင့် ပတ်သက်ပြီး အသိပညာဗဟုသုတရရှိစေရန်နှင့် သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် သဘာဝဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် သဘာဝဘေး အန္တရာယ် လက်ကမ်း စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Nov 16,2020
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြသည့် အထူးရဲ (၁၁၉) ဦးအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 16,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက် နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်