အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2020
ရှမ်းပြည်နယ်(‌မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ဈေးရပ်ကွက်၌ ပုံမှန်ဝင်ငွေမရှိသော အ‌ခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန် နိုင်ငံတော်ထောက်ပံ့ငွေများကို ယနေ့ နံနက်(၁၀) နာရီ အချိန်ခန့်က မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ ဦးဆောင်၍ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 16,2020
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်သော ရေခါးကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ယနေ့နံနက်(၉)နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာအရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Nov 16,2020
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် အထူးရဲများအား ရဲချုပ်၏ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဆင်ဖြူရှင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 16,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ မဲတင်းတိမ်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန် နိုင်ငံတော်အစိုရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ် ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
Nov 16,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်သမဝါယမ ဦးစီးဌာန၏ တင်ဒါဖွင့်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်တက်ရောက် အဖွင့် အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
Nov 16,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ လိပ်သိုမြို့ အမှတ် (၂) မဲဆန္ဒနယ်တွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် လုံခြုံရေး တာ၀န်ထမ်းဆောင် ခဲ့သော အထူးရဲတပ်ဖွဲ့၀င်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လိပ်သိုနယ်မြေရဲစခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။