အမြို့မြို့အနယ်နယ်သတင်းများ

Nov 04,2020
အင်္ဂပူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်‌နေ့ နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ် ကျီကြီးကျေးရွာအုပ်စု၊‌‌ တူး‌မြောင်းကျေးရွာ၊ စီပင်ကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာနှင့်‌ ကျောင်းကွင်း ကျေးရွာအုပ်စု၊ အကျကွင်းကျေးရွာတို့တွင် (၃၀-၁၀-၂၀၂၀)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သော လူ‌နေအိမ်‌နှင့် အိမ်ထောင်စုဝင် များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Nov 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းတွင် ကန့်သတ်စောင့်ကြည့် စင်တာ (၆)ခု ဖွင့်လှစ်ထားရှိပြီ
Nov 04,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အသုံးပြုနိုင်ရန် မဲရုံသုံးပစ္စည်း များနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို ယမန်နေ့မှစတင်၍ ကျေးရွာ အုပ်စုများ အရောက် ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးမှ သိရသည်။
Nov 04,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌ မွေးကင်းစကလေးပြုစုစောင့်ရှောက်ရေးအတွက် ဆေးရုံသုံးစက်ပစ္စည်းများကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့သည်။
Nov 04,2020
ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ တွင် နေထိုင်ကြသည့် ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအတွက် ကိုဗစ်-၁၉ကာလအတွင်း စားသောက်ရေးအခက်အခဲ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ငွေဆောင်မြို့ ခတ္တာလမ်း၊ အဏ္ဏဝါလမ်း၊ စံပယ်လမ်းနှင့် ၅ လမ်းတို့တွင် နေထိုင်ကြသော ပြည်သူမျာအားဆန်များ လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 04,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က နိုဝင်ဘာ ၃ ရက် ၊ ညနေ ၃ နာရီခွဲက မြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပရန် စီစဉ် ဆောင်ရွက်ထားရှိသော မဲရုံများတွင် လျှပ်စစ်မီးသွယ်တန်းထားရှိမှုများနှင့် စပ်လျဉ်းပြီး အဆင်ပြေမှု ရှိ/မရှိနှင့် လျှပ်စစ်အန္တရာယ် ဘေးကင်းလုံခြုံမှု ရှိ/မရှိ သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ငရုတ်ကောင်းမြို့ အမှတ်(၁)ရပ်နှင့် အမှတ်(၂)ရပ်ကွက် မဲရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
Nov 04,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိသည်။