အမြို့မြို့အနယ်နယ်သတင်းများ

Nov 04,2020
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများ မီးဘေး အန္တရာယ်ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ မီးဘေးလုံခြုံရေး ကြိုတင် စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ နိုဝင်ဘာလ ၄ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက် ရှိသည်။
Nov 04,2020
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အမှတ်(၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်
Nov 04,2020
၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ(၈) ရက်နေ့၌ ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်မဲဆန္ဒနယ်‌မြေများအတွင်း ဆန္ဒမဲပေးနိုင်‌ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးက မဲလက်မှတ်၊ မဲစာရင်းနှင့် ဆက်စပ်ပစ္စည်းများထုတ်ပေးခြင်းကို နိုဝင်ဘာ ၄ ရက် နံနက် ၉ နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
Nov 04,2020
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပညာရေးမိသားစု၏ ရွှေရီပညာစာနာဖေးကူညီမှု အသင်းမှ တာဝန်ရှိသူများက ယမန်နေ့က တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု-တကူ (စံပြ) တိုက်နယ်ဆေးရုံတွင် အဝီစိတွင်းတူးဖော်ရန်နှင့်အခြားလိုအပ်သည့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ အလှူငွေ(၅သိန်း)ကျပ်ကို တကူ(စံပြ) တိုက်နယ်ဆေးရုံ ရုံးခန်းအတွင်း တာဝန်ခံဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်ထံ လှူဒါန်းပေးကြောင်း သိရှိရသည်။
Nov 04,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈)နာရီမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း ‌နေအိမ်ပြင်ပထွက်သူတိုင်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေးကို အထူး ကြပ်မတ် စစ်ဆေး ဆောင်ရွက်လျက် ရှိသည်။
Nov 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်  ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ အသိပညာပေးခြင်း၊ စည်းကမ်း လိုက်နာမှုမရှိသူများအား