အမြို့မြို့အနယ်နယ်သတင်းများ

Oct 15,2020
သာပေါင်းမြို့နယ်တွင် မဲရုံလုံခြုံရေး အထူးရဲ သင်တန်းသားများအား Rapid Diagnostic Test(RDT)ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အ၊ထ၊က သာပေါင်းကျောင်း၊ သော်ကဆောင် ခန်းမ၌ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
Oct 15,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားမှုအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးစံအေးနှင့်တာဝန်ရှိသူများက ယနေ့က မိုင်းကောင်၊ ပါစန်၊ လွယ်စေးကျေးရွာအုပ်စုများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
Oct 15,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ကယားပြည်နယ်ရှိ ပုဂ္ဂလိကမော်တော်ယာဉ် လုပ်ငန်းများအား စနစ်တကျ ကြီးကြပ်ရေးကော်မတီ ကြီးကြပ်မှုအောက်ရှိ ခရီးသယ်ပို့ဆောင်ရေး မော်တော်ယာဉ် လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဂိတ်ဝန်ထမ်းနှင့် လုပ်သားများအား ဆန်နှင့်ဆီများကို နံနက်ပိုင်းက ထောက်ပံပေးအပ်ခဲ့သည်။
Oct 15,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် သစ္စာ စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော အသက်၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေး အပ်ခြင်းကို ယနေ့နံနက် ၁၀နာရီခန့် က တုံတာမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ ၌ ဆောင်ရွက်ခဲ့ကြသည်။
Oct 15,2020
ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိ နိုင်ရေးအတွက် စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ အောက်တိုဘာလ(၁၃) ရက်နေ့က (၂)ဦးနှင့် ယမန်နေ့ညနေ(၆)နာရီ အချိန်က (၅)ဦး၊ စုစုပေါင်းနေရပ်ပြန်ပြည်သူ (၇)ဦးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Oct 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက တာဝန်ရှိသူများသည် ယနေ့နံနက် ၉နာရီက တိုးကျေးရွာအုပ်စုသို့ ကွင်းဆင်း သွားရောက်၍ Facility Quarantine Centre အား ပိုးသတ်ဆေးဖြန်းခြင်းနှင့် Quarantine ဝင်ရောက်နေသူများကို အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
Oct 15,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် Quarantine Centre များသို့ လိုအပ်လျက်ရှိသည့် ပစ္စည်းများအား ယမန့်နေ့က လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 15,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်ခုံးရှမ်းများပရဟိတ (လူမှုကူညီရေး)အသင်း လင်းခေးမြို့နယ်၏ ၂ဝ၂ဝပြည့်နှစ် အသင်းနှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲ က လင်းခေးမြို့၊ ပရိယတ္တိစာသင်တိုက် သုံးထပ်ကျောင်းဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။