စစ်ကိုင်းမြို့တွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး ဟောပြောဆွေးနွေး
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ တောင်သူများအား ဖိတ်ခေါ်၍ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝမြေဆွေး၊ မြေဩဇာလက်တွေ့အသုံးပြုသုံးစွဲနည်း အခမ်းအနားကို ဖေဖော်ဝါရီလ (၆) ရက်၊ နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်သည်။