မကွေးတိုင်းဒေသကြီး

မကွေးခရိုင်နှင့် ချောက်ခရိုင်တို့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီး

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသ (၁၃) ခရိုင်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ဒေသဂေဟစနစ် ကောင်းမွန်စေရေးတို့အတွက် နှစ်စဉ်သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများကို စီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

စားသုံးသူပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က Mobile Lab Van ဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်

အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာဘေးကင်းလုံခြုံစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီက တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖူးလှိုင်ညွှန်းဦး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တောင်တွင်းကြီးမြို့မစည်ပင်သာယာဈေးသို့သွားရောက်ပြီး အခြေခံစားသောက်ကုန်ပစ္စည်းများအား Mobile Lab Van ဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တိုက်ဖျက်ရေးဆိုင်ရာ ဟောပြောပွဲနှင့် ပြပွဲဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်၌ ရက် (၁၀၀) "လမင်း" စီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို၌ ရက်(၁၀၀) "လမင်း" စီမံချက်ဖြင့် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

တောင်တွင်းကြီးမြို့အတွင်း သန့်ရှင်းသာယာလှပစေရန် ရေနုတ်မြောင်းများ တူးဖော်ရှင်းလင်း

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဇွန်လ ၆ ရက်နေ့မှစတင်၍ မြို့တွင်းသန့်ရှင်းသာယာလှပစေရေးအတွက် တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သန့်ရှင်းရေးလုပ်ငန်းများကို ရာသီမပျက် အလေးထားဆောင်ရွက်လျက်ရှိပါသည်။

မြို့သစ်မြို့နယ်အတွင်း၌ နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း စိုက်ပျိုးထားသော နွေနှမ်းဧက (၄၀၉၂) ဧကသည် စိုက်ပျိုးပြီး (၄၅) ရက်သား ရောက်ရှိနေပြီးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် (EMဘိုကာရှီ) သဘာဝမြေသြဇာ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက (EMဘိုကာရှီ) သဘာဝမြေသြဇာပြုလုပ်နည်းကို ယမန်နေ့က အင်းကုန်းကျေးရွာတောင်သူဦးသိန်းဟန်နေအိမ်တွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။

သရက်မြို့၌ မိုးကြို ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ၂၀၂၆ ခုနှစ်၊ မိုးကြိုဖူဆယ်ဘောလုံးပြိုင်ပွဲကို မေလ ၂၄ ရက်မှ ဇွန်လ ၈ ရက်နေ့အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်းအတွင်းရှိ ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့သစ်မြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးစာနံရံကပ်ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲကို ယမန်နေ့ နေ့လည်(၂)နာရီက မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့၌ ဘူးသွပ်ဆီများ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်း ရှိ/ မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ဘူးသွပ်ဆီများကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က City Mart များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး