ဝေးလံခေါင်ဖျားဒေသသတင်းများ

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲ ဆုပေးပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ    ၁၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲဆုပေးပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မော်တာအပ်ချုပ်စက် သင်တန်းဖွင့်လှစ်

ကျောက်တန်း  ဇန်နဝါရီ ၁၁

ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစု အပိုဝင်ငွေ ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူး၍ ကျောက်တန်းမြို့နယ် ကုလားတန်း ကျေးရွာတွင် ယမန်နေ့မွန်းလွဲ (၁၁)နာရီက  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက် သင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့၌ (၇၅)နှစ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဆုနှင်းပွဲနှင့် စာပေဟောပြောပွဲ ကျင်းပ

တပ်ကုန်း ဇန်နဝါရီ ၁၁

နေပြည်တော် တပ်ကုန်းမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဆုနှင်းပွဲနှင့် စာပေဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ ည ၇ နာရီက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပသည်။

ခရိုင်အဆင့် ကျေးရွာစည်းလုံညီညွတ်မှု စံပြဆုအပ်နှင်းပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

ယင်းမာပင် ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊  ယင်းမာပင်မြို့နယ် ဘန့်ဘွေးအုပ်စု ကံစုကျေးရွာတွင် ခရိုင်အဆင့် ကျေးရွာစည်းလုံးညီညွတ်မှု စံပြဆုအပ်နှင်းပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် (၁၁) နာရီက အဆိုပါကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၀ ခုနှစ်၊ မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မင်းဘူး ဇန်နဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် ဓမ္မတေးပူဇော်ပွဲနှင့် နိုင်ငံကျော်အဆိုတော်များ၊ Myanmar Idol Season (4) ဆုရ အဆိုရှင်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်သတ္ထုအသေးစားနှင့် လက်လုပ်လက်စား လုပ်ငန်းဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ လူထုတွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီ ဇန်နဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မြို့နယ်ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တုနှင့် လက်လုပ်လက်စား လုပ်ငန်းဆိုင်ရာဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ လူထုတွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခြေခံပညာ အထက်တန်းကျောင်း (မြစ်သား)၌ ပညာရေးစုံညီပွဲတော် ကျင်းပ

မြစ်သား ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ (မြစ်သား) အခြေခံပညာ အထက်တန်းကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ ကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်အုန်းကြည်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်း၏ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်း၏ ပုလဲဆောင် (၇၀ပေ×၃၀ပေ) RCC (၃)ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ ကျောင်းဆောင်သစ်ရှေ့၌ ကျင်းပခဲ့သည်။

သာစည်မြို့နယ် ကျေးရွာများတွင် လျှပ်စစ်မီးဖွင့်ပွဲများ ကျင်းပ

သာစည် ဇန်နဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မကျီးရိုးကျေးရွာအုပ်စု၊ မကျီးရိုးကျေးရွာနှင့်  ဇဝင်းကျေးရွာ အုပ်စု၊ မြောင်းဦး ကျေးရွာတို့တွင် ယနေ့ နံနက် ၉  နာရီက လျှပ်စစ်မီးဖွင့်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ