ဝေးလံခေါင်ဖျားဒေသသတင်းများ

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်

ပွင့်ဖြူ ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ်များအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေ ပေးအပ် ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၁) နာရီက ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပခဲ့သည်။

ဧရာဝတီမြစ်ကမ်းနံဘေးရှိ စိုက်ပျိုးမြေလယ်ကွက်များတွင် တောင်သူများ အလှည့်ကျ စနစ်ဖြင့် စိုက်ပျိုးလျက်ရှိ

ပခုက္ကူ ဇန်နဝါရီ ၁၀

ပခုက္ကူမြို့နယ်၊ ကုက္ကိုလ်လှကျေးရွာအနီး ဧရာဝတီမြစ်ကမ်းနံဘေးရှိ စိုက်ပျိုးမြေလယ်ကွက်များတွင် မဲနှိုက် စနစ်ဖြင့် စားသောက်ကုန်သီးနှံများကို  တစ်နှစ်စီအလှည့်ကျစိုက်ပျိုးကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၅)ကျောင်းသို့ ကိုရီးယားနိုင်ငံ Dan Kook University မှ ကျောင်းသား၊ ကျောင်းသူများ ဒုတိယအကြိမ်လာရောက်

မြောက်ဥက္ကလာပ  ဇန်နဝါရီ  ၁၀

ကိုရီးယားနိုင်ငံ Dan Kook University မှ ဆရာ Mr. Jin Kwang Min နှင့် ကျောင်းသား၊ ကျောင်းသူ (၂၆)ဦး တို့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး  မြောက်ဥက္ကလာပမြို့နယ်     အ.မ.က (၅) ကျောင်းသို့ ဒုတိယအကြိမ်ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီနှင့်ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများမှ ကြိုဆိုနူတ်ဆက်ခဲ့ကြသည်။

သာသနစက္ကပ္ပဝတ္တက အသင်းကြီးမှ (၂၁)ကြိမ်မြောက် သာသနာလင်္ကာရ အကျော် စာတော်ပြန်ပွဲ အောင်လက်မှတ် ချီးမြှင့်ပွဲကျင်းပ

ပခုက္ကူ  ဇန်နဝါရီ    ၁၀

ပခုက္ကူမြို့  မြို့မလမ်း သာသနာ့ဗိမာန်တွင် သာသနစက္ကပ္ပဝတ္တက အသင်းက ကျင်းပသော(၂၁)  ကြိမ်မြောက် သာသနာလင်္ကာရ အကျော်စာတော်ပြန်ပွဲ အောင်လက်မှတ်ချီးမြှင့်ပွဲကို ယမန်နေ့   နေ့လယ်၁နာရီက ကျင်းပသည်။

ရှေးဦးစွာ မဟာဝိဇယရာမ ပါဠိတက္ကသိုလ်   (အရှေ့တိုက်) တိုက်အုပ်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ က သာသနာတော် စက်ရဟတ်လည်သကဲ့သို့  သာသနာတော်အား အမြဲတစေ စောင့်ရှောက်နိုင်ရန် ရည် ရွယ်၍ စာတော်ပြန်ပွဲ ကျင်းပပေးထားသော အသင်းသား၊ အသင်းသူများ လှူဒါန်းမှုပြုကြသော ဒါယကာ၊ ဒါယိကာမများအား သာဓုအနုမောဒနာ တရားချီးမြှင့်ပြီး လှူဒါန်းမှု အစုစုအတွက်  ရေစက်သွန်းချ အမျှပေးဝေသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ်အတွင်း မီးလောင်မှု (၂၀၃)ကြိမ် ဖြစ်ပွားခဲ့ပြီး ငွေကျပ် (၂၂၉) သန်းကျော် ဆုံးရှုံး

မုံရွာ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ် အတွင်းက မီးလောင်မှု (၂၀၃)ကြိမ် ဖြစ်ပွားခဲ့ရာ ငွေကျပ် (၂၂၉,၁၇၄,၆၀၀) ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးမင်းစမ်းအေးထံမှ သိရသည်။

မီးလောင်မှု (၂၀၃)ကြိမ်တွင် မီးဖိုမီး (၄၅)ကြိမ်၊ ပေါ့ဆမီး (၅၁)ကြိမ် ၊ လျှပ်စစ်မီး(၅၆)ကြိမ်၊ ရှို့မီး(၃၃) ကြိမ် ၊ အလိုအလျောက်မီး (၄)ကြိမ် ၊ တောမီး (၁၃)ကြိမ် ၊ မိုးကြိုးမီး (၁)ကြိမ် ရှိခဲ့ ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်အတွင်း ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေး (sticker) များ ကပ်ခြင်း ဆောင်ရွက်

ရန်ကုန်  ဇန်နဝါရီ  ၁၀

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ကို ဆေးလိပ်ငွေ့ကင်းစင်သော နယ်မြေအဖြစ် ဆောင်ရွက်ရန်အတွက် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့် ဆေးလိပ်ငွေ့ ကင်းစင်ရေး ဆောင်ရွက်ချက် အသိပညာပေး (sticker) များအား အများပြည်သူမြင်သာသည့် နေရာ များ၊ အခြေခံပညာကျောင်းများ၊ စားသောက်ဆိုင်များ၊ ဓမ္မာရုံများ၊ ဘူတာရုံများတွင် လိုက်လံကပ်ခြင်းနှင့် ဆေးလိပ်ငွေ့ကင်းစင် စစ်ဆေးသည့် ပုံစံများ မေးမြန်း ဖြည့်စွက်ခြင်း လုပ်ငန်းစဉ်များကို ယနေ့ နံနက် (၉)နာရီခွဲ  အချိန်တွင် မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။

မိတ္ထီလာတောင်ကန်တော်အတွင်း တည်ရှိသည့် အန္တကူရေလည် ဆုတောင်းပြည့်စေတီတော် ကွန်ကရစ်တံတားနှင့် အာရုံခံတန်ဆောင်း တည်ဆောက်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပ

မိတ္ထီလာ  ဇန်နဝါရီ   ၁၀

မိတ္ထီလာမြို့နယ်၌  မိတ္ထီလာတောင်ကန်တော်အတွင်း တည်ရှိသည့် အန္တကူရေလည်ဆုတောင်းပြည့် စေတီတော် ကွန်ကရစ်တံတားနှင့် အာရုံခံတန်ဆောင်း တည်ဆောက်ရန် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေး ပင်စင်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်  ဇန်နဝါရီ ၁၀

အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ် ကျင်းပ ခဲ့သည်။

အခမ်းအနားတွင် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဇော်က အမှာစကား ပြောကြား ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း က ဘိုးဘွား များအား လူမှုရေးပင်စင် ထောက်ပံ့ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ၏ ဓမ္မပူဇာတရားပွဲ ဝါးခယ်မတွင် ကျင်းပမည်

ဝါးခယ်မ ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တွင် ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက တွဲဘက် ရွှေကျင်သာသနာပိုင် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာ ဘိဝံသ၏ ဓမ္မပူဇာတရားပွဲကို ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီတွင် အ.ထ.က (၁) ကျောင်းရှေ့၊ မြို့မ ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြို့ပေါ်ရပ်ကွက်နှင့် အနီးအနားရှိ ကျေးရွာများမှ တရားတော်နာ ဧည့်ပရိတ်သတ်များအား တရားပွဲဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့နှင့် တာဝန်ရှိ သူများ က ကြို / ပို့ ယာဉ်များ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)

မြောင်းမြမြို့နယ်တွင် အလှူရှင်လှူဒါန်းသော (၁၄)ခုမြောက် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက် အဦသစ် ဖွင့်လှစ်

မြောင်းမြ      ဇန်နဝါရီ   ၁၀

မြောင်းမြမြို့နယ်တွင် အလှူရှင်လှူဒါန်းမှုဖြင့်  (၁၄)ခုမြောက် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက် အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကံသာကုန်းကျေးရွာအုပ်စု၊ ကုန်းကလေး ကျေးရွာရှိ အဆိုပါ အဆောက်အဦရှေ့၌ ကျင်းပသည်။

ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦကို မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်နှင့် အလှူရှင်မိသားစုဝင်များက  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ