ချီဖွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ် စေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်တွင် မြို့နယ်တွင်ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်သော မြို့နယ်အဆင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီက ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များ စဉ်ဆက်မပြတ်စေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။