နယ်ရုံးများ၏သတင်းများ

Mar 18,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း ကောက်ယူရရှိသော လူဦးရေစာရင်းနှင့် Pilot Project ဖြင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ လူဦးရေစာရင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်နှင့် တပြေးညီ ပြီးစီးနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
Mar 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေ ပြည်သူများ အသိပညာဗဟုသုဖွံ့ဖြိုး တိုးတက်လာစေ ရန်နှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိ စေရန်အတွက် စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စာရေးဆရာ ညီညီနိုင် ရေးသားထားသော ကျွမ်းကျင်တဲ့ ရင်းနှီးမြုပ်နှံသူဖြစ်ဖို့ စာအုပ်ဖြင့် ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Mar 18,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံး တွင်း နံရံကပ်ပြဘုတ်တွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေနံနက်ပိုင်းက လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်များ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
Mar 18,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ဝန်ထမ်းများအားလုံး Moible ဖုန်းဖြင့်သတင်းဓါတ်ပုံ၊ ဗွီဒီယို သတင်းများ ရိုက်ကူးခြင်း၊ တည်းဖြတ်နည်းများကိုသင်ယူတတ်မြောက်ပြီးလက်တွေ့အသုံးပြုနိုင်စေရန်အတွက်ဦးစီးအရာရှိ(တာဝန်ပေး)ဦးထိန်ဝင်းက မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Cemtre အတွင်း ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က လက်တွေ့သင်ကြားပေးခဲ့သည်။
Mar 18,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများအား ဆဋ္ဌမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့်စုရပ် (၃) နေရာအားထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Mar 18,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၁၆) ရပ်ကွက် ဌေးပရိယတ္တိစာသင်တိုက် တိုက်အုပ် ဆရာတော်အား နိုင်ငံတော်အစိုးရမှ တပေါင်းလပြည့်နေ့တွင် ဆက်ကပ်လှူဒါန်းသည့် အဘိဓဇမ ဟာရ ဂုရုဘွဲ့ တံဆိပ်တော်အား အလှူခံတော်မူပြီး ယမန်နေ့ ညနေ ၃ နာရီ အချိန်တွင် မြင်းခြံမြို့ သို့ ပြန်လည် ကြွချီလာရာ လမ်းတစ်လျောက်တွင် ဆရာတော်အား ဒေသခံပြည်သူများက ကြိုဆို ဂုဏ်ပြုခဲ့ကြသည်။
Mar 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဝမ်ကောင်းမြို့မစျေးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်‌‌ရေးအတွက် အရေးပေါ် မီးငြှိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်မှုကို မတ်လ ၁၆ ရက် ညနေပိုင်းက ခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေး ဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။