နယ်ရုံးများ၏သတင်းများ

Mar 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း အနီးအနားကျေးရွာများတွင် စိုက်ပျိုးထား သည့် တောင်ပေါ်ဒေသထွက် ထောပတ်သီးများ ယခုအခါ ဈေးကောင်းရရှိပြီး စိုက်ပျိုးတောင်သူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့်အပြင် မိသားစု စားဝတ်နေရေး၊ လူမှုစီးပွားဘဝ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Mar 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြပါရန်
Mar 17,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ဒုံးအုံးရပ်ကွက်တွင် မိသားစု အပိုဝင်ငွေရရှိရန် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထား သော လီလီပန်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
Mar 17,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာကြည့်တိုက်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အွန်လိုင်းအသိပညာပေး ဟောပြောပွဲကို Community Centre ၌ ယနေ့ မွန်းလွဲ (၂)နာရီခွဲအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင်အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်‌နေ့နံနက် ၇ နာရီအချိန်က ရေဖြူမြို့ ပြည်လုံးချမ်းသာစေတီတော် ရင်ပြင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Mar 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဟိန္ဒားပြင်ကျေးရွာ၌ တစ်ပိုင်တစ်နိုင် ရာသီပေါ် မုန်ညှင်းစိုက်ပျိုးလုပ်ကိုင် ရောင်းချခြင်းမှ မိသားစုအတွက် အပိုဝင်ငွေများ ရရှိကြောင်း သိရသည်။
Mar 17,2022
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့သို့ရောက်ရှိပြီး ကော့သောင်းမြို့၏ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 17,2022
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်းပြီး စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးရေး သတင်းများ၊ အများပြည်သူသိသင့်သည့် သတင်းအချက်အလက်များကို စနစ်တကျ သတင်း ပြန်ကြားပေးနိုင်စေရန်ရည်ရွယ်၍ သတင်းဆောင်းပါးရေးသားနည်းသင်တန်းကို ယနေ့နံနက် (၉) နာရီခွဲ အချိန်က စစ်ကိုင်းတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။