နယ်ရုံးများ၏သတင်းများ

Mar 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ အစီအစဉ် ဖြင့် မြို့နယ်အတွင်း လူငယ်များအား စာဖတ်အား ကောင်းမွန်လာစေပြီး အသိပညာဗဟုသုတများ ပိုမိုရရှိလာစေရန်အတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနရုံး ပြည်သူ့စာကြည့်တိုက်၌ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စာဖတ်အများဆုံးဆုများ ချီးမြှင့်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 12,2022
မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/ ၂၀၂၂) ကို ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့ကြောင်း သိရသည်။
Mar 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း သန့်ရှင်း သာယာလှပရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်း များစုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီခွဲ အချိန်က အဆိုပါ ဆေးရုံဝင်းအတွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 12,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ထန်းတပင်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ခုနှစ်ပညာသင်နှစ် အတွက် အဋ္ဌမတန်းနှင့်တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၃)ခုဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်ရာစာမေးပွဲများကိုအေးချမ်းစွာဖြေဆိုနိုင်ရန် အတွက်လုံခြုံရေး လုပ်ငန်းများ ကြိုတင်စီမံ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Mar 12,2022
မွန်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ စားသုံးဆီဖူလုံရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မတ်လ ၁၁ ရက်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Mar 12,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှမထိုးနှံရသေးသည့် အသက် ၁၈ နှစ်အထက်ရှိသူများကို ယနေ့ နံနက် ၉ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီ ခန်းမတွင် အဆိုပါကာကွယ်ဆေးအား ပထမအကြိမ် ထိုးနှံပေးလျက်ရှိသည်။
Mar 12,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်းအတွင်း (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ရုံးရှေ့မုခ်ဦးတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Mar 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း များတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် များအား Booster Dose ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက စျေးတန်းရပ်ကွက်ရှိ မြို့လယ်သီရိမင်္ဂလာဓမ္မာရုံ ကာကွယ်ဆေးထိုးစုရပ်တွင် စတင်ထိုးနှံပေးကြောင်း သိရသည်။