Mar 12,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်များဖြစ်သော စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်မြို့တော် ဝန်ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ညွှန်မှူး ဦးလွင်ကိုဦး၊ ရန်ကုန် အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင်တို့သည် ယနေ့နံနက် ၁၀ နာရီအချိန်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်စစ်ပင် တောင် ရပ်ကွက်အမှတ် ၇ လမ်းမကြီးဘေးပေါက်ကုန်းကွင်းငမိုးရိပ်ရေထိန်းတံ ခါးသို့ရောက်ရှိပြီး နွေစပါးနှင့်မြို့ရေပေးဝေရေး၊ မိုးရာသီ ရေကြီးရေလျှံမှုမဖြစ် ပေါ်စေရေးနှင့် ရေငံဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။