Mar 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေ ပြည်သူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိ စေရန်အတွက် စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စာရေးဆရာတက်တိုး ရေးသားထားသော “စာဖတ်စည်းစိမ်” စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။