Jul 15, 2026
ကိုရီးယားနိုင်ငံအခြေစိုက် အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (AFoCO) နှင့် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားသစ်တောသိပ္ပံသုတေသနဌာန (NIFoS) တို့ ပူးပေါင်းကျင်းပသည့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဒီရေတောဂေဟစနစ် ပြန်လည်တည်ထောင်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း (AFoCO RETC) ၌ ကျင်းပသည်။
Jul 15, 2026
မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ (၂/၂၀၂၆) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်မျိုးသန့်၊ ဒုတိယဥက္ကဋ္ဌ (၁) နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
Jul 15, 2026
ကာတာနိုင်ငံ လက်ရှိဘုရင်၏ ဖခမည်းတော်နှင့် ဘုရင်ဟောင်းဖြစ်သူ His Highness Sheikh Hamad bin Khalifa AI Thani သည် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့မွန်းလွဲပိုင်းက အင်းလျားမြိုင်လမ်း ရွှေတောင်ကြား (၁) ရပ်ကွက် ဗဟန်းမြို့နယ် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံရုံး၌ ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် တက်ရောက်လက်မှတ်ရေးထိုးသည်။
Jul 15, 2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား လမင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
Jul 15, 2026
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နေပြည်တော်ရှိ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် (၃၃) ရုံးပရဝဏ်ရှိ သတ်မှတ်နေရာ၌ ကျင်းပသည်။
Jul 15, 2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Brady နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 15, 2026
၂၀၂၆ ခုနှစ် တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာ မဟာမိတ်နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့ရှိ Hyatt Place Hotel ခန်းမဆောင်တွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။
Jul 15, 2026
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ကံဇော်၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jul 15, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့၏ ဖိတ်ကြားချက်အရ ဇူလိုင် ၁၃ ရက်မှ ၁၄ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့သည်။
Jul 15, 2026
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယမန်နေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ပဉ္စမထပ်ရှိ စုပေါင်းခန်းမ၌ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Jul 15, 2026
Naypyitaw State Polytechnic University (NSPU) တွင် ဖွင့်လှစ်သင်ကြားနေသည့် အင်ဂျင်နီယာဘာသာရပ်များကို နိုင်ငံတကာအဆင့်မီ အရည်အသွေးအသိအမှတ်ပြုမှုရရှိစေရန် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာအထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုရေးလုပ်ငန်းကော်မတီ (Engineering Education Accreditation Committee - EEAC) တို့ပူးပေါင်း၍ အရည်အသွေးအသိအမှတ်ပြုသင်တန်းဆိုင်ရာဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Polytechnic University (NSPU) ၌ ကျင်းပသည်။
Jul 14, 2026
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ချင်းပြည်သစ် ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဦးစိုးထက် (ခေါ်) ဆလိုင်းမဲလုနှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 14, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ဇူလိုင် ၁၂ ရက်တွင် ဖလမ်းမြို့နယ်ရှိ စပျစ်ဝိုင်ပြုလုပ်နေမှုများ၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းနှင့် အသေးစားအိမ်တွင်းလက်မှုလုပ်ငန်းများကို ကြည့်ရှုအားပေးသည်။
Jul 14, 2026
ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကောလိပ်များ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများ၊ အမျိုးသားသင်ရိုးသင်ကျောင်းများ၏ ကိုယ်စားလှယ်များသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Jul 14, 2026
အလုပ်သမားဝန်ကြီးဌာန အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအတွက် စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီးလှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ကနောင်ခန်းမ၌ ကျင်းပသည်။
Jul 14, 2026
ပဲခူးပြည်သူ့ဆေးရုံကြီး ခြောက်ထပ်ဆေးကုသဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံကြီး၌ ကျင်းပသည်။
Jul 14, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဇူလိုင် ၁၂ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
Jul 14, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဦးဆောင်စီစဉ်မှုဖြင့် မဲခေါင် - ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၊ အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ Quick Impact Project အရ ရှမ်းပြည်နယ် အင်းလေးဒေသ ငလျင်ဒဏ်သင့်ကျေးစားကုန်း (မြောက်) ကျေးရွာရှိ အိမ်ထောင်စု ၅၀ အား အိမ်သုံးဆိုလာများ လွှဲပြောင်းထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ကျင်းပသည်။
Jul 13, 2026
မြန်မာ့အလုပ်အကိုင်ကျွမ်းကျင်မှုလေ့ကျင့်သင်ကြားခြင်းဆိုင်ရာ အခွင့်အလမ်းများပြပွဲ (၂၀၂၆ ခုနှစ်) ဖွင့်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ရန်ကုန်တက္ကသိုလ်ဝင်း Recreation Centre ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ သင်တန်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Jul 13, 2026
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်ရှိ Yathar Cho Industry Co., Ltd. နှင့် Cho Cho Industry Ltd. တို့၏ အသင့်စားခေါက်ဆွဲခြောက်မျိုးစုံနှင့် ခေါက်ဆွဲခြောက်များ ထုတ်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
