Skip to main content

Jul 17, 2026

ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယနေ့တွင် မန္တလေးဘူတာကြီး၌ တိုင်းတာဝန်ခံအရာရှိများနှင့် တွေ့ဆုံပြီး ရထားလမ်းများ၊ တံတားများ၊ ရထားစက်ခေါင်းနှင့်တွဲများ ကောင်းမွန်စေရေးနှင့် ဘူတာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျူးကျော်နေအိမ်များ ရှင်းလင်းရေးတို့ကို ဆွေးနွေးမှာကြားကာ မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာမည့် အမှတ် (၁၀) အစုန် DEMU ရထားအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် UNDP အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Norimasa SHIMOMURA အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2026

ဝေးလံခေါင်ဖျားဒေသများသို့ ဒီဂျစ်တယ်သင်ကြားရေး ပလက်ဖောင်းများ သို့မဟုတ် ဗီဒီယိုဖိုင်များဖြင့် သင်ကြားနိုင်သည်အထိ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချော‌ချောစိန်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS) ၏ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ် Ms. Sara Austin Netzer အား ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးရေးနည်းလမ်းများနှင့်  သီးနှံစုံစိုက်ပျိုးခြင်းလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2026

သာသနာရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကောင်စီ (၁/၂၀၂၆) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၏ (၅) ကြိမ်မြောက် နိုင်ငံတကာ ပြန်ကြားရေးဖိုရမ်ကို ယနေ့မွန်းလွဲပိုင်းတွင် ယူနန်ပြည်နယ် စစ်ဆောင်ပန်းနားပြည်နယ်ခွဲရှိ InterContinental Xishuangbanna Resort Hotel ခန်းမဆောင်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ယမန်နေ့က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်းမြို့ရှိ ဒေသခံပြည်သူများ၏ နေအိမ်များ ပြန်လည်ပြုပြင်နိုင်ရန်အတွက် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2026

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်း ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရန်အတွက် မိုးရာသီမတိုင်မီ တူးဖော်ပြီးစီးခဲ့သည့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း ၁၀ ခုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2026

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၃ မှ ၁၇ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့နှင့် စစ်ဆောင်ပန်းနားပြည်နယ်ခွဲတို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာမဟာမိတ် နှစ်ပတ်လည်အစည်းအဝေးနှင့် တောင်အာရှ-အရှေ့တောင်အာရှ မီဒီယာမဟာမိတ်အဖွဲ့၏ ယဉ်ကျေးမှုနှင့် လူမှုဖလှယ်ရေးလှုပ်ရှားမှု အခမ်းအနားသို့ တက်ရောက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2026

နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့နယ် နားသံကျေးရွာအုပ်စုနှင့် နားခိုက်ကျေးရွာအုပ်စုတို့မှ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ ခြောက်ရွာအတွက် အိမ်သုံးဆိုလာ ၇၁၅ စုံကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2026

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services – UNOPS) ဌာနေကိုယ်စားလှယ် Ms. Sara Austin Netzer အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန ရုံးအမှတ် (၂၆) ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 17, 2026

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (United Nations Development Programme- UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ်ဖြစ်သူ Mr. Norimasa Shimo-mura အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံပြီး နိုင်ငံတော်အစိုးရ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရန် ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များဖြင့် ပဲမျိုးစုံသီးနှံသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းဆောင်ရွက်ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် “လူငယ်နှင့်အသိပညာ” ခေါင်းစဉ်ဖြင့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် သီလဝါအထူးစီးပွားရေးဇုန်ရှိ Lightion Myanmar Co., Ltd. ၏ အီလက်ထရောနစ်ပစ္စည်းများ၊ စပီကာများ၊ ဆားကစ်ဘုတ်များ တပ်ဆင်ထုတ်လုပ်သည့်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံလုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

သတ်မှတ်ထားသည့် ကျောင်းအင်္ဂါရပ်၊ စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့် ပုဂ္ဂလိကကျောင်းအချို့ကို ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ယခုပညာသင်နှစ်ကို ပြင်ဆင်ချိန်အဖြစ် သတ်မှတ်ပေးထားသည့်အတွက် လာမည့်ပညာသင်နှစ်တွင် ပြင်ဆင်မှုများ ပြီးစီးနေရမည်ဖြစ်ကြောင်း၊ ကျောင်းများဖွင့်လှစ်ရာတွင် သတ်မှတ်ထားသော စာသင်ခန်းအရေအတွက်၊ ကျောင်းဧရိယာအကျယ်အဝန်းများ ကိုက်ညီရန်လိုအပ်ကြောင်း ဇူလိုင် ၁၃ ရက်ကပြုလုပ်သည့် ကိုယ်ပိုင်  သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကောလိပ်များ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများ၊ အမျိုးသားသင်ရိုးသင်ကျောင်းများ၏ ကိုယ်စားလှယ်များတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ‌ချောချောစိန်က ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်ခြင်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစက်ရုံ၌ကျင်းပရာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ သီပေါမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်မဲခရိုင်နှင့် သီပေါမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယနေ့တွင် ချင်းပြည်နယ် ဖလမ်းမြို့ မြို့တော်ခန်းမ၌ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ကော်မတီဝင်များနှင့်အတူ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူ ၂၃၃ ဦးအတွက် ဆန် ၇၂ အိတ်နှင့် ဆီ ၂၇၃ ပိဿာ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 15, 2026

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များနှင့်အတူ ယမန်နေ့က ဖလမ်းမြို့ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်ပညာသင်ကြားနေမှုနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်