Jul 20, 2026
၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍ ဆွမ်းဆက်ကပ်ခြင်း၊ အလှူဒါနပြု အမျှပေးဝေခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 20, 2026
ယနေ့ကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ တက်ရောက်ဂါရဝပြုကြသည်။
Jul 19, 2026
အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များသည် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဆောက်အအုံအသစ်တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးသည်။
Jul 19, 2026
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့်အတူ ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် ဆိုက်ခေါင်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း သင်တန်းခန်းမ၌ ဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားပြီး ကျောင်းဝင်းအတွင်းရှိ စာကြည့်တိုက်၊ အိပ်ဆောင်များ၊ နှစ်ရှည်သီးနှံပင်များ၊ ရာသီသီးနှံပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
Jul 19, 2026
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ ရောက်ရှိပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး (ပထမနှစ်ဝက်) ဇုန်အဆင့် နည်းပြသင်တန်းတက်ရောက်နေကြသည့် ဆရာ ဆရာမ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Jul 19, 2026
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယမန်နေ့တွင် နည်းပညာတက္ကသိုလ် (တောင်ကြီး) ရှိ တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရန်နှင့် အဆောက်အအုံများအား ရေရှည်တည်တံ့စေရေး ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားသည်။
Jul 19, 2026
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ဒုတိယဝန်ကြီးနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ကို ကြည့်ရှုစစ်ဆေးသည်။
Jul 19, 2026
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လူမှုဖူလုံရေးရုံးဝင်းအတွင်းရှိ လူမှုဖူလုံရေးရုံးနှင့် ဆေးခန်း၏ ပြင်ဆင်ထိန်းသိမ်းမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Jul 19, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ ပဉ္စမအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ဆက်လက်ကျင်းပသည်။
Jul 18, 2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့မွန်းလွဲ ၃ နာရီခွဲက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားသင်တန်းကျောင်း၌ ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် သင်တန်းကျောင်းတို့မှ ဝန်ထမ်းများ တက်ရောက်ကြသည်။
Jul 18, 2026
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services–UNOPS) မှ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Sara Austin Netzer အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။
Jul 18, 2026
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုဦးစီးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် နောက်ဆက်တွဲရောဂါများ မဖြစ်ပွားစေရေး အလေးထားကြပ်မတ်စိစစ်ဆောင်ရွက်လျက်ရှိပြီး ဖြစ်ပွားလာပါကလည်း ကုသမှုပေးနိုင်ရေး ကုသရေးယူနစ်များ ဖွင့်လှစ်ထားရှိကြောင်း ပြောကြားသည်။
Jul 18, 2026
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုတွင် မိုဘိုင်းစခန်းအသစ် ၂၇ ခု တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး မိုဘိုင်းစခန်းကိုးခု 4G LTE စနစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာ တည်ဆောက်တပ်ဆင်ပြီးစီးခဲ့ကြောင်း ချင်းစုကျေးရွာ မိုဘိုင်းစခန်းဖွင့်လှစ်ခြင်းအခမ်းအနားမှ သိရသည်။
Jul 18, 2026
နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ယနေ့နံနက်ပိုင်းက ကယားပြည်နယ်ခန်းမ၌ ကျင်းပသည့် မာခရော်ရှေကျေးရွာမှ အိမ်ထောင်စုများအတွက် ဆိုလာထောက်ပံ့ပေးအပ်ခြင်းနှင့် ဒီးမော့ဆိုနှင့် ဘော်လခဲမြို့နယ် နေရပ်ပြန် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ဒေသခံပြည်သူများအား တိုက်တွန်းပြောကြားသည်။
Jul 18, 2026
ဆေးသုတေသနဦးစီးဌာနမှ သုတေသီများနှင့် ဆီးချိုနှင့် ဟော်မုန်းရောဂါအထူးကုဌာနမှ သမားတော်ကြီးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် သုတေသနမှ အချက်အလက်များကို “မြန်မာနိုင်ငံအတွင်း ရရှိနိုင်သော လူအများစားသုံးလေ့ရှိသည့် အစားအစာများ၏ အာဟာရတန်ဖိုးများ” စာအုပ်အဖြစ် ထုတ်ဝေကြောင်း သိရသည်။
Jul 18, 2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။
Jul 18, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ မကြာမီပြန်လည်ထွက်ခွာတော့မည့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်ဖြစ်သူ Ms. Sara Austin Netzer အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Jul 18, 2026
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအစည်းအဝေးသို့ တက်ရောက်ရန် ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
Jul 18, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီပဉ္စမအစည်းအဝေးပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
Jul 18, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်သင်တန်းကျောင်းပရဝဏ်အတွင်း ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
