Nov 23, 2023
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်အတူ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Nov 23, 2023
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
Nov 23, 2023
၂၀၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ
Nov 23, 2023
၂၀၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်
Nov 23, 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဆောင်တိုင်ကာလတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး (ရှူးဒိုင်း) များကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများ မရှိစေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သတိပေးနှိုးဆော်ချက်များ နှစ်စဉ်ထုတ်ပြန်လျက်ရှိပါသည်။
Nov 23, 2023
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကိုပယ်ဖျက်၍ ပါတီအားဖျက်သိမ်းခြင်း
Nov 23, 2023
မကောင်းမှုဒုစရိုက်ပြုလုပ်ကြသူများကြား၌ လိမ်ညာလှည့်ဖြားမှုများရှိစမြဲ၊ ယုံလွယ်တတ်သူများကြား၌ လိမ်ညာလှည့်ဖြားမှုများရှိစမြဲ။ ထို့ကြောင့် အလိမ်အညာလှည့်ဖြားမှုများသည် လူသားကမ္ဘာ၌ လွှမ်းမိုးနေသည်ကို တွေ့ရမည်ဖြစ်သည်။ လိမ်ညာလှည့်ဖြားမှုများသည် သူ့ချည်းပင်လိမ်ညာလှည့်ဖြားခြင်းမပြုလုပ်နိုင်၊ လိမ်ညာလှည့်ဖြားနိုင်အောင် ကြားခံလူထုဆက်သွယ်ကိရိယာများက ပြုလုပ်ပေးကြသည်။
Nov 23, 2023
လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ ၎င်းတို့၏ အနာဂတ်ဘဝတစ်လျှောက်တွင် လူတစ်လုံးသူတစ်လုံး ရပ်တည်ရှင်သန်နိုင်စေရန်နှင့် နိုင်ငံအတွက်လည်း သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်လာစေရန် လိုအပ်သော အရည်အသွေး၊ အရည်အချင်းများ ဖြည့်ဆည်းပေးနိုင်ရေးပင်ဖြစ်သည်။ ဗလငါးတန်ဟုဆိုရာတွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူ၍ အစဉ်အလာသိမှတ်ခဲ့ကြသည့် ဗလငါးတန်သာမက မျက်မှောက်ခေတ် ၂၁ ရာစု ဗလငါးတန် ဟုဆိုရမည့် IQ : Intelligence Quotient ခေါ် ဉာဏ်ရည် ဉာဏ်သွေး၊ EQ : Emotional Quotient ခေါ် စိတ်နှလုံးခံစားမှု အရည်အသွေး၊ CQ : Culture Quotient ခေါ် မတူကွဲပြားသည့် ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းများကို နားလည်လက်ခံနိုင်သည့် အရည်အသွေး၊ SQ : Spiritual Quotient ခေါ် ဘဝရှင်သန် နေထိုင်ခြင်း၏ ရည်ရွယ်ချက်ကို သိရှိလိုက်နာနိုင်သည့် အရည်အသွေး၊ PQ : Physical Quotient ခေါ် ကိုယ်ခန္ဓာကြံ့ခိုင်ကျန်းမာမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် အရည်အသွေးတို့ကို ဖြည့်ဆည်းနိုင်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ စာဖတ်ခြင်းပင်ဖြစ်သည်။
Nov 23, 2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများတွင် MNDAA၊ TNLA နှင့် AA လက်နက်ကိုင် သောင်းကျန်းသူများသည် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှုကြောင့် မြို့နယ်အချို့တွင် ဒေသခံပြည်သူများ ခေတ္တတိမ်းရှောင်နေကြလျက်ရှိရာ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်ချိန်ခန့်တွင် လောက်ကိုင်မြို့အနီး၊ တုံချိန်အရပ်တွင် စစ်ဘေးရှောင်ပြည်သူများ လိုက်ပါလာသည့် ကားတစ်စီးအား လက်နက်ကြီးကျည်ထိမှန်ပြီး ကားပေါ်တွင်ပါလာသည့်သူများထိခိုက် သေဆုံးမှုရှိကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရှိရသည်။ အဆိုပါ ပစ်ခတ်မှုသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း MNDAA ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းက ပြောကြားသည်ဆိုသည့်သတင်းအား လူမှုကွန်ရက်စာမျက်နှာတွင် လုပ်ကြံသတင်း ရေးသားဖြန့်ဝေမှုအား တွေ့ရှိရသည်။
Nov 23, 2023
စစ်ကိုင်းတိုင်းဒသကြီး၊ ဘုတလင်မြို့ပြည်သူ့ဆေးရုံ၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအားလုံး CDM ပြုလုပ်သွားသဖြင့် တပ်မတော်မှအဆိုပါဆေးရုံအား ချိတ်ပိတ်လိုက်ကြောင်း Social Media များ၌ သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်။
Nov 23, 2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် စစ်မှုထမ်းဟောင်းများကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အစည်းအဝေးခေါ်ယူပြီး ပြန်လွှတ်မပေးဘဲထိန်းသိမ်းထားကြောင်း စစ်မှုထမ်းဟောင်းမိသားစုတွေနှင့် ရင်းနှီးသူများထံမှသိရသည်ဟု အထင်အမြင်လွဲမှားဖွယ်သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများ၌ ဖော်ပြလျက်ရှိကြောင်း တွေ့ရှိရသည်။
Nov 23, 2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန္နီမြို့၊ ကျောင်းခမ်းဘုန်းကြီးကျောင်းထဲတွင် တိုက်ပွဲရှောင် တစ်ထောင်ကျော်ပိတ်မိနေကြောင်းနှင့် အဆိုပါနေရာသို့ ရိက္ခာတင်သွင်းခွင့်ကို တပ်မတော်ကပိတ်ပင်ထားသည်ဟု Social Media များ၌ သတင်းတု၊ သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်။
Nov 23, 2023
ဘဏ်ငွေထုတ်ရာ၌ ကန့်သတ်မှုများရှိနေသည်ဟု ငွေထုတ်ယူသူများထံမှ သိရှိရသည်ဟူသော သတင်းမှားများအား ပြည်ဖျက်မီဒီယာများက Social Media များ၌ ဖြန့်ဝေလျက်ရှိသည်။
Nov 22, 2023
ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်မှ လူပျောက်ကြော်ငြာများကြောင့် ရန်ကုန်မြို့တွင် ပေါ်တာဆွဲသည်ဟုဆိုပြီး မြို့နယ်အချို့တွင် ညပိုင်းလမ်းမများအပေါ် လူအသွားအလာယခင်ကထက် နည်းပါးလာကြောင်း၊ ညမှောင်သည်နှင့် ယခင်ကကဲ့သို့ လူသိပ်မရှိတော့ကြောင်း၊ ဈေးဆိုင်များလည်း စောစောသိမ်းလာကြောင်းနှင့် အလုပ်သမားများလည်း စောစောပြန်ကြသည်ဟု ကောလာဟလ မမှန်သတင်းများ ရေးသားထုတ်လွှင့်၍ အများပြည်သူကြောက်ရွံ့ထိတ်လန့်စေရန် ဆောင်ရွက်လာသည်ကို တွေ့ရှိပါသည်။
Nov 22, 2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့အတွင်းသို့ နိုဝင်ဘာ ၂၁ ရက်ညနေပိုင်းတွင် တပ်မတော်မှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် ဒေသခံပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရခဲ့ကြောင်းကို လူမှုကွန်ရက်စာမျက်နှာများ၌ မဟုတ်မမှန်သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။
Nov 22, 2023
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာရွာအနီးသို့ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းတွင် တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများ၌ မဟုတ်မမှန်သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။
Nov 22, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Nov 22, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 22, 2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ အကြမ်းဖက်သမားများက နိုဝင်ဘာလ ၂၀ ရက် ညပိုင်းတွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့အရပ်သား ပြည်သူ ၂ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
Nov 22, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။
