May 18, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ရုံး (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ် Mr. Stephen Anderson ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 18, 2023
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) သည် မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံကမ်းရိုးတန်းဒေသများမှ စစ်တွေမြို့အနီး ဖြတ်ကျော်တိုက်ခတ်စဉ် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် မုန်တိုင်းသင့်ဒေသများအား ပိုမိုကောင်းမွန်သည့် လူနေမှုဘဝများ ရောက်ရှိစေရန်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ထိခိုက်ပျက်စီးသည့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို အလျင်အမြန်ဆောင်ရွက်ပေးလျက်ရှိ သည်။
May 18, 2023
မျက်မှောက်ခေတ်သည် ပညာခေတ်ဖြစ်သည်။ လူတစ်ဦးချင်းအဖို့ ပညာကောင်းစွာ တတ်မြောက်ရန်လိုအပ်သလို နိုင်ငံအနေဖြင့်လည်း တစ်မျိုးသားလုံးပညာရည်မြင့်မားရန် လိုအပ်သည်။ ပညာတတ်မြောက်သူသည် မတတ်မြောက်သူထက် ဘဝလမ်းခရီး၌ အခွင့်အလမ်းပိုသာသည်။ ဘဝကိုပိုမို၍ကောင်းမွန်အောင် တည်ဆောက်နိုင်ရန်နှင့် ဝင်ငွေမြင့်မား နိုင်ရန်တို့အတွက်လည်း ပညာရေးကအထောက်အကူပေးနိုင်သည်။ ပညာမတတ်မြောက်သူသည် မိမိ၏မိသားစုနှင့် လက်ရှိရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ကိုပင် ကောင်းစွာ သိရှိနားလည်နိုင်စွမ်းမရှိသော်လည်း ပညာတတ်မြောက်သူမှာမူ ပိုမို၍အမြင်ကျယ်၊ ပိုမို၍နိုးကြားပြီး ကမ္ဘာလောကတစ်ခွင်ကို သိနားလည်နိုင်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရန် တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်လိုအပ်ပြီး ပညာတတ်၊ ကျွမ်းကျင်သူများ ရရှိအောင် ပြုစုပျိုးထောင်ခြင်းဖြင့်သာ တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်ကို ရရှိနိုင်သည်။
May 18, 2023
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
May 17, 2023
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်ခဲ့သည့် ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များကလှူဒါန်းသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ထောက်ပံ့ပေးအပ်သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ကိုလည်းကောင်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
May 17, 2023
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ မတူပီမြို့နယ်နှင့် လိုင်လင်းပီမြို့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအဆောက်အဦများပြိုကျ၊ ပျက်စီးခဲ့သည့် လေဘေးသင့်အိမ်ထောင်စု စုစုပေါင်း ၂၂၀ စုတို့မှ လေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နေ့လယ်ပိုင်းတွင် ဟားခါးမြို့၊ ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လေဘေးသင့်ပြည်သူ များတက်ရောက်ကြသည်။
May 17, 2023
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား အိမ်မိုးသွပ်များ၊ သွပ်သံများ၊ ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါမြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်တာဝန်ရှိသူများ၊ မအူပင်ခရိုင်သဘာဝဘေးအန္တရာယ် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
May 17, 2023
မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ(၆)ထပ် ဆောင်အစည်းအဝေးခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
May 17, 2023
ရခိုင်ပြည်နယ်စစ်တွေမြို့၌ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းသို့ရောက်ရှိပြီး တပ်မတော်ကမ်းထိုးယာဉ်ဖြင့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့သို့ ပေးပို့မည့် မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများဖြစ်သည့် ရေသန့်စင် စက်ရုံပါရေသယ်ယာဉ်(၂)စီး၊ ဆန်၊ ဆီနှင့်ရိက္ခာများ၊ အမိုးအကာနှင့်ဆောက်လုပ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းများတင်ဆောင်နေခြင်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
May 17, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၆-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၇-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၇၄၉) ခုအား စစ်ဆေးပြီးစီးခဲ့ ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃၉) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့ အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၄၃) ရာခိုင်နှုန်း ရှိပါသည်။
May 17, 2023
မြန်မာနိုင်ငံအတွင်း (၁၄-၅-၂၀၂၃) ရက်နေ့က ဖြစ်ပွားခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်သူများအတွက် ပြည်တွင်းပြည်ပစေတနာရှင်များ အနေဖြင့် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ပါသည်။
May 17, 2023
မြန်မာနိုင်ငံအတွင်း (၁၄-၅-၂၀၂၃) ရက်နေ့က ဖြစ်ပွားခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်သူများအတွက် ပြည်တွင်းပြည်ပစေတနာရှင်များ အနေဖြင့် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ပါသည်။
May 17, 2023
တပ်မတော်အနေဖြင့် ဆိုင်ကလုံးမုန်တိုင်းမုခါ (MOCHA) တိုက်ခိုင်မှုကြောင့် ပျက်စီဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများသို့ ကူညီကယ်ဆယ်ရေးဖွဲ့များအား စုဖွဲ့စေလွှတ်၍ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုန်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော် (ကြည်း၊ရေး၊လေ) မိသားစုများ၊ စေတနာရှင်အလှူရှင်များကလှူဒန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောင်ပံ့ရေးအစ္စည်းများ၊ အမျိုသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့်ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။
May 17, 2023
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်း ဒေသစံတော်ချိန် ၃ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Center, Hall(A)၌ ဗိုဗီနမ်(အားနစ်)အမျိုးသား အမျိုးသမီး အားကစားပြိုင်ပွဲများကို ကျင်းပခဲ့သည်။
May 17, 2023
ရန်ကုန်နှင့်မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 17, 2023
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ထိခိုက်ခဲ့သည့် ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ထောက်ပံ့ပေးအပ်သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကိုလည်းကောင်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
May 17, 2023
ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ် မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်း ပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင် တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။
May 17, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထေင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့က ရန်ကုန်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ ပင်မအဆောက်အဦတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ခေါင်မိုးများ ထိခိုက်ပျက်စီးမှု အပါအဝင်ရုပ်သံ ထုတ်လွှင့်မှုလုပ်ငန်းများ ကြံ့ခိုင်မှုအခြေအနေနှင့် စစ်တွေမြို့သို့ ပို့ဆောင်မည့် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာပစ္စည်းများ ရေကူးအသံလွှင့်စက်ရုံ၌ ထုပ်ပိုးပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
May 17, 2023
လေမုန်တိုင်းကျရောက်ပြီးနောက် ရုတ်တရက်ရေလွှမ်းမိုးမှုအန္တရာယ်၊ ရေကြီးမှုအန္တရာယ်၊ မိုးကြိုး အန္တရာယ်၊ မြေပြိုမှုအန္တရာယ်၊ ထိခိုက်ဒဏ်ရာရရှိမှုအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်၊ မြွေဆိုး ကိုက်မှုအန္တရာယ်၊ အအေးမိ၍ဖျားနာခြင်း၊ အဆုတ်ရောင်ခြင်း၊ ခြင်မှတစ်ဆင့်ကူးစက်သော သွေးလွန် တုပ်ကွေးနှင့် ငှက်ဖျားရောဂါ၊ မသန့်ရှင်းသောရေနှင့် အစာကြောင့်ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အစာအဆိပ်သင့်ရောဂါနှင့် အခြားကျန်းမာရေးဆိုင်ရာပြဿနာများ ဖြစ်ပွားတတ်ပါသဖြင့် အောက်ဖော်ပြပါအချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည် -
May 17, 2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးစာမေးပွဲ စစ်ဆေးမည့်နေ့ရက် ကြေညာခြင်း
