Skip to main content

May 15, 2023

ပုဂံညောင်ဦးဒေသအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် ညောင်ဦးမြို့၊ ညောင်ဦးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥ၊ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ မြောင်းမြခရိုင် သဘာဝဘေးအန္တရာယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုအသင်းအဖွဲ့များနှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ရခိုင်ပြည်နယ်သဘာဝဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ရေးအတွက် အလှူငွေလှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)၌ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင်ဆရာတော်၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

မြန်မာနိုင်ငံအတွင်း (၁၄-၅-၂၀၂၃) ရက်နေ့ကဖြစ်ပွားခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်သူများအတွက် ပြည်တွင်းပြည်ပစေတနာရှင်များအနေဖြင့် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၄-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၅-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၉,၀၄၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၈) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

မြန်မာနိုင်ငံအတွင်း (၁၄-၅-၂၀၂၃) ရက်နေ့က ဖြစ်ပွားခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်သူများအတွက် ပြည်တွင်း ပြည်ပစေတနာရှင်များအနေဖြင့် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက တစ်ပြည်လုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ ်တို့တွင် ဒေသအလိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အဦများ ပြိုကျပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများလဲကျ၍ လမ်းများပိတ်ဆို့ခြင်း၊ ကားလမ်းများရေကျော်ခြင်း၊ လမ်းမီးတိုင်များပျက်စီးခြင်း၊ တာဝါတိုင်များပျက်စီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ဖြင့် ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာ မုန်တိုင်းဒဏ်ခံ ကာကွယ်ရေးအဆောက်အဦ (Cyclone Shelter) များ၊ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ၏ အရှိန်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းများဖြစ်ပေါ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA) ၏ အရှိန်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းများဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း ယမန်နေ့ညနေ ၆ နာရီနှင့် ည ၈ နာရီအချိန်က လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းသဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု(၈)အုပ်စုမှ ကျေးရွာခွဲ(၁၀)ရွာမှ နေအိမ်(၃၅)လုံးအမိုးလန်ပြီး နေအိမ်(၂)လုံးပြိုလဲကာ အမှတ်(၃)ရပ်ကွက်ဈေးအိမ်သာဖိုက်ဘာရေကန်(၁)လုံး သစ်ပင်ပိ၍ပျက်စီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "မိုခါ" (MOCHA) ဝင်ရောက်မှုကြောင့် မုန်တိုင်းဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ယမန်နေ့များက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆင်ချည်တိုင်ကျေးရွာအုပ်စု ဆင်ချည်တိုင်ကျေးရွာ သလဲလေးဘုန်းတော်ကြီးကျောင်းဝန်းရှေ့ ကာရံထားသော အုတ်တံတိုင်းများ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ယနေ့နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ် ကျောက်စစ်ပုံကျေးရွာအနီး မင်းဘူး-ပွင့်ဖြူ-စလင်းသွား ကားလမ်းမပေါ် ရေကျော်ကျနေကြောင်း သိရ၍ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေး ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ ညနေ (၆) နာရီက ကံမမြို့၊ အမှတ်(၂) ရပ်ကွက်မှ ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်တွင် နေထိုင်သည့် အိမ်ခြေ(၂၂)အိမ်၊ အိမ်ထောင်စု (၂၂) စု၊

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ဂန့်ဂေါမြို့တွင် ယမန်နေ့ ည ၁၁း၀၀ နာရီတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြစ်သာမြစ်ရေ မြင့်တက်ခဲ့ရာ စည်ပင်သာယာရပ်ကွက်နှင့် မြို့မရပ်ကွက်အတွင်းရှိ မြစ်ကမ်းနံဘေးနေ အိမ်ထောင်စုများ ရေကြီးရေလျှံဖြစ်ပွားခဲ့ရာ ရေလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မေ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသွား သုံးမိုင်ခွဲ ကွန်ကရစ်လမ်းပေါ်ရှိ ကျွဲတံခါးကျေးရွာ အနီး ကျွဲတံခါးရေကျော်ချောင်းပေါင်း၌ ရေတိုက် စားမှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာရှိ ဒေသခံပြည် သူများထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

မြန်မာနိုင်ငံအတွင်း (၁၄-၅-၂၀၂၃) ရက်နေ့က ဖြစ်ပွားခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်သူများအတွက် ပြည်တွင်းပြည်ပ စေတနာရှင်များအနေဖြင့် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ပါ သည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

 (က) မုန်တိုင်းငယ်(Depression)အခြေအနေ  (၁) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက် ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ” (MOCHA)သည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီးမှ အရှေ့-အရှေ့မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ တရုတ်-မြန်မာနယ်စပ်တွင် မုန်တိုင်းငယ်(Depression) အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ နောက်(၃)နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ် တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်း ရပါသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

မန္တလေးဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊  ပြင်ဦးမြို့နယ်တွင် ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်အချိန် တိုင်းထွာချက်အရ မြေပြင်လေတိုက်နှုန်း ၁ နာရီ ၉ မိုင်နှုန်း ဖြင့် တိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျခြင်းများ ဖြစ်ပေါ်ခဲ့ရာ လမ်းပိတ်ဆို့မှု မရှိစေရေး တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်