Skip to main content

May 15, 2023

(၁) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက် ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ” (MOCHA)သည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီးမှ အရှေ့-အရှေ့မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး၊ တရုတ်-မြန်မာနယ်စပ်တွင် မုန်တိုင်းငယ်(Depression) အဖြစ်သို့ အားလျော့သွားခဲ့ကာ၊ နောက်(၃)နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ် တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်း ရပါသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီမှ ရဲမှူးရဲရန်အောင်နှင့်အဖွဲ့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊​ ငွေဆောင်မြို့မရဲစခန်း စခန်းမှူးမျိုးဇေမြင့်၊ ငွေဆောင်မြို့မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီး ဦးကောင်းပြည့်စုံတို့သည် ငွေဆောင်မြို့အတွင်းရှိ မုန်တိုင်းရှောင်ပြည်သူများအား စားရေရိက္ခာများကိုလေ/ရေဘေးရှောင်စခန်းများသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ မိုခါမုန်တိုင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုများကြောင့် သစ်ပင်များလဲခြင်း၊ လျှပ်စစ်ဓာတ်တိုင်များကျိုးခြင်း၊ ချောင်းကူးရေကျော်များ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာဌာနများက မေလ၁၅ ရက်နေ့ နံနက်ပိုင်းတွင်ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာ

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက်ခဲ့သော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “မိုခါ”(MOCHA) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ”(MOCHA) အဖြစ်သို့ အားလျော့သွားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားလျက်ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

စူဠာမဏိဘုရားကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးရေဝင်ရောက်မှု မိုးရေများအား  ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်တားဆီးရေးအဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်မြို့နယ် ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်အတွင်းလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များမှ စူဠာမဏိဘုရားဝင်းအတွင်းမှ မိုးရေများအား ရေစုပ်စက်များဖြင့် စုပ်ထုတ်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ(သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ်အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာ ဝေဖန်သည့် (သို့မဟုတ်) မလိုမုန်းထားမှုကိုဖော်ပြသည့် ဆက်ဆံမှုတစ်မျိုးမျိုးကို ရည်ညွှန်းပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံဒေသတွင်မုန်တိုင်းအကြို မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိခြင်းကြောင့် မေ ၁၃ ရက်၊ နံနက်ပိုင်းအချိန်မှစတင်ကာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ပြုပြင်ထိန်းသိမ်းရေးဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီမွန်းနှင့် ပြုပြင်ထိန်းသိမ်းရေးဌာနစုမှ အင်ဂျင်နီယာများ၊ နံရံပန်းချီဌာနစိတ် ဝန်ထမ်းများနှင့် ရုံးဝန်ထမ်းများသည် ဇုန်နယ်မြေရှိ ရှေးဟောင်းအဆောက်အအုံများအား ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ရွာသာကျေးရွာအုပ်စု၊ ရွာသာကျေးရွာ၌ မေ ၁၄ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရချင်းပြည်နယ်၊ မတူပီမြို့အနီးမှကုန်းတွင်းသို့ ရွေ့လျားဝင်ရောက်ခဲ့သော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm) “မိုခါ” (MOCHA)သည်မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ” (MOCHA)အဖြစ်သို့ အားလျော့သွားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးမှမြောက်-အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားလျက်ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

(၁) ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ချင်းပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက်ခဲ့သော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ” (MOCHA)သည် မြောက်-အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) “မိုခါ” (MOCHA)အဖြစ်သို့ အားလျော့သွားခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးမှ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်သည့် (၅၅)ကြိမ်မြောက် အရှေ့တောင်အာရှ ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (SEAFDEC)၏ ကောင်စီအစည်းအဝေးကို အွန်လိုင်းစနစ်ဖြင့် မေ ၉ ရက်နှင့် ၁၁ ရက်တို့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရုံးအမှတ် (၃၆) ငါးလုပ်ငန်းဦးစီးဌာန VMS Center အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ် မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း(အငယ် တန်းအဆင့်)ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်းစတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏တာဝန်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွှဲပြောင်းတာဝန်ထမ်းဆောင်လျက်ရှိပြီး နိုင်ငံတော်ကို စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရန်ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်တို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်နေချိန်တွင် ပြည်သူလူထုအား နိုင်ငံရေးဝါဒမှိုင်းတိုက်ပြီး နိုင်ငံတော်ကြီးအလုံးစုံပျက်သုဉ်းရေး ဦးတည်ဆောင်ရွက်လိုသူများက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် NUG ၏ လက်ဝေခံဖြစ်သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) အမည်ခံအကြမ်းဖက်အဖွဲ့အစည်းများကို ဥပဒေမဲ့တရားမဝင်ဖွဲ့စည်း၍ လက်နက်ကိုင်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသဖြင့် နိုင်ငံတော်ကအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

၁။ ယနေ့အချိန်ကာလတွင် အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်တိုက်ခိုက်မှုများကြောင့် ပြည်သူလူထုအတွင်း၌ လူပုဂ္ဂိုလ်လုံခြုံရေးကို စိုးရိမ်ကြသည့်အတွက် လက်နက်ခဲယမ်းများကို နည်းလမ်းမျိုးစုံဖြင့်ရှာဖွေကာ တရားမဝင်ကိုင်ဆောင်လျက်ရှိကြောင်း ကြားသိနေရပါသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ရုံးနောက်ဘက်ခြမ်းမှ တောင်ပြိုကျသဖြင့် ရေမြောင်းပျက်စီးနေမှုနှင့် မြေကြီးများ ပိတ်ဆို့နေခြင်းကို ကြည့်ရှုစစ်ဆေးကာ လတ်တလောရေစီးရေလာကောင်းစေရန်နှင့် မြေပြိုကျမှုကြောင့် ရုံးအဆောက်အအုံကိုမထိခိုက်စေရေး သက်ဆိုင်ရာအင်ဂျင်နီယာနှင့်ပြသ၍ အမြန်ပြုပြင်ဆောင်ရွက်နိုင်ရေး ရုံးချုပ်သို့တင်ပြရန်နှင့် ဝန်ထမ်းရေးရာကိစ္စများ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အလေးမအားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ရိုးရာလှေလှော်အားကစားနည်းမှ ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ပိုက်ကျော်ခြင်းအားကစားနည်းမှ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လယ်ယာကုန်ထုတ်လုပ်မှုလုပ်ငန်းများ သဘာဝဘေးထိခိုက်မှုမဖြစ်ပေါ်စေရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာလုပ်ကိုင်ဆောင်ရွက်နိုင်ကြစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်းဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2023

မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်၌ သတင်းသုံးတော်မူစဉ်က အလွန်တရာမှ ဝပြောစည်ကားကြီးပွားတိုးတက်လှသော ဝေသာလီပြည်ကြီး၌ အစာရှားပါးငတ်မွတ်ခေါင်းပါးဘေး၊ သားရဲဘီလူးဘေး၊ ရောဂါဆိုးဘေးဟူသော ဘေးကြီးသုံးမျိုးဆိုက်ရောက်ဖြစ်ပေါ်ခဲ့သည်။ ထိုအခါ ပြည်သူပြည်သားလူအများသည် ဘေးအန္တရာယ်ပျောက်ကွယ်စေရန် နည်းလမ်းကောင်းများရှာဖွေကြရာ ဘုရားရှင်အားပင့်ဖိတ်လျှင် ဘေးသုံးပါးကင်းငြိမ်းလိမ့်မည်ဟူသောအကြံကို လက်ခံသဘောတူခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်