Skip to main content

May 19, 2023

မြန်မာနိုင်ငံအတွင်း (၁၄-၅-၂၀၂၃)ရက်နေ့က ဖြစ်ပွားခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်သူများအတွက် ပြည်တွင်းပြည်ပစေတနာရှင်များအနေဖြင့် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2023

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့မှုကြောင့် ရှေးဟောင်းအမွေအနှစ်များဖြစ်သည့် ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ ဓမ္မရာဇကဘုရား၊ ဆင်ဖြူရှင်ကွန်းပလက်၊ ခေမင်္ဂဘုရား၊ သပိတ်မှောက်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ လေးမျက်နှာဘုရား၊ ဆင်ပေါင်းအုတ်ကျောင်း၊ ဓမ္မရာဇက အနီးရှိဘုရား၊ ပုဂံမျှော်ဘုရား၊ ရွာဟောင်းကြီးဘုရား၊ ရွှေနန်းရင်တောဘုရားတို့၌ ရေဝင်မှုများဖြစ်ပေါ်ခဲ့ပြီး ရှေးဟောင်းဘုရား၊ အဆောက်အအုံရှစ်ခုတို့တွင် ထိခိုက်ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2023

မုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီဖြစ်သည်။ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ အဖျက်စွမ်းအားကြောင့် ဖြစ်ပေါ်လာခဲ့သည့် အပျက်အစီးပမာဏမှာ လွန်စွာကြီးမားကျယ်ပြန့်များပြားလှသည်ဖြစ်ရာ ဆောင်ရွက်ရမည့်လုပ်ငန်းများမှာလည်း ပမာဏကြီးမားလှသည်။ အထူးသဖြင့် မုန်တိုင်းစတင်ဝင်ရောက်ဖြတ်ကျော်ခဲ့သည့် ရခိုင်ပြည်နယ်သည် သဘာဝဘေးအန္တရာယ်ကို အများဆုံးထိခိုက်ခံခဲ့ရသောဒေသဖြစ်သည့်အလျောက် ကူညီကယ်ဆယ်မှုနှင့် ပြန်လည်ထူထောင်မှုတို့၏ အဓိကမျက်နှာစာလည်း ဖြစ်နေသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2023

မြန်မာနိုင်ငံအတွင်း (၁၄-၅-၂၀၂၃)ရက်နေ့က ဖြစ်ပွားခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်သူများအတွက် ပြည်တွင်းပြည်ပစေတနာရှင်များအနေဖြင့် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2023

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) မေလ ၁၄ ရက်တွင် တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပျက်စီးဆုံးရှုံးမှု စာရင်းများအား အချိန်နှင့်တပြေးညီ ထုတ်ပြန်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 19, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2023

၂၀၂၃ ခုနှစ်၊ မေ ၁၄ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း (Mocha) ဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် ရခိုင်ပြည်နယ်တို့အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၄ မြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအဖြစ် ကြေညာခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2023

တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မုတ္တမ)သည် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(Mocha)ကြောင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေး အန္တရာယ်ကျရောက်သောဒေသများရှိ ပြည်သူလူထုအတွက် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများဖြစ်သော ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ ဒီဇယ်၊ အဝတ် အထည်၊ မီးစက်၊ မိုးကာတဲများနှင့် တာပေါ်လင်အစများ၊ သွပ်နှင့်ဆက်စပ်ပစ္စည်းများ၊ ချိန်းဆောများ၊ စားအုန်းဆီများ၊ စည်သွပ်ဘူးများ၊ MPT Mobile Van ကားများ၊ ရေသန့်စင် စက်ကားများ စုစုပေါင်း တန် ၁၀၀၀ ခန့်အား လည်းကောင်း၊ စစ်တွေမြို့အတွင်း မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် လျှပ်စစ်မီးကြိုးများအား ပြင်ဆင်နိုင်ရန် လျှပ်စစ်လုပ်သား ၁၀၄ ဦး အပါအဝင် လူပေါင်း ၁၁၆ ဦးအား တင်ဆောင်၍ မေ ၁၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာခဲ့ပြီး စစ်တွေမြို့ Essar တံတားသို့ မေ ၁၈ ရက် နံနက်ပိုင်းတွင် ရောက်ရှိဆိုက်ကပ်၍ လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2023

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) ဝင်ရောက်ခဲ့မှုကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့်ဒေသများတွင် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2023

ရခိုင်ကမ်းရိုးတန်းဒေသသို့ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ မုန်တိုင်းဒဏ် သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသော အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS-Shivalik၊ INS-Kamorta နှင့် INS-Savitri တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိကြသည်။ အဆိုပါအိန္ဒိယရေတပ်မှ စစ်ရေယာဉ်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr.Vinay Kumar နှင့် သံရုံး၊ စစ်သံရုံးတို့မှတာဝန်ရှိသူများ၊ တပ်မတော်(ရေ)မှအရာရှိကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2023

ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်) ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ သင်တန်း စခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2023

တပ်မတော်အနေဖြင့် ဆိုင်ကလုံးမုန်တိုင်းမိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ပျက်စီဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများသို့ ကူညီကယ်ဆယ်ရေးဖွဲ့များအားစုဖွဲ့စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုန်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2023

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ် သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၁ စီးသည် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ World bank မိုးကာလိတ် ၆၀ လိတ်၊ World bank (5.5m×6m) မိုးကာစ ၅၀ ခု၊ World bank မိုးကာတဲ ၉ လုံး၊ စင်ကာပူ မိုးကာတဲ ၃၀ လုံး၊ ကျားဝတ်လုံချည် ၁၀၀၀ ထည်၊ မဝတ်လုံချည် ၁၀၀၀ ထည်၊ တီရှပ် ၂၀၀၀ ထည်၊ စောင် ၁၀၀၀ ထည်၊ တဘက် ၁၀၀၀ ထည်၊ ခြင်ထောင် ၁၀၀၀ ထည်၊ ဆပ်ပြာ ၁၀၀၀ တောင့်၊ ကလေး(ကျား) ကျောင်းဝတ်စုံ ၁၀၀၀ စုံ၊ ကလေး(မ) ကျောင်းဝတ်စုံ ၁၀၀၀ စုံ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်မှ ဒီဇယ်ဆီ ၂၀ လုံး၊ ဓာတ်ဆီ ၅ လုံး စုစုပေါင်း ၁၀ တန်တို့အား ရေချမ်းပြင်ချောင်းဝအနီးမှ တင်ဆောင်ပြီး ရသေ့တောင်သို့ ပို့ဆောင်ပေးရန် ယနေ့နံနက်ပိုင်းတွင် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2023

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ် သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ် ၁ စီးသည် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီမှ World bank မိုးကာလိတ် ၆၀ လိတ်၊ World bank (5.5m×6m) မိုးကာစ ၅၀ ခု၊ World bank မိုးကာတဲ ၉ လုံး၊ စင်ကာပူ မိုးကာတဲ ၃၀ လုံး၊ ကျားဝတ်လုံချည် ၁၀၀၀ ထည်၊ မဝတ်လုံချည် ၁၀၀၀ ထည်၊ တီရှပ် ၂၀၀၀ ထည်၊ စောင် ၁၀၀၀ ထည်၊ တဘက် ၁၀၀၀ ထည်၊ ခြင်ထောင် ၁၀၀၀ ထည်၊ ဆပ်ပြာ ၁၀၀၀ တောင့်၊ ကလေး(ကျား) ကျောင်းဝတ်စုံ ၁၀၀၀ စုံ၊ ကလေး(မ) ကျောင်းဝတ်စုံ ၁၀၀၀ စုံ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်မှ ဒီဇယ်ဆီ ၂၀ လုံး၊ ဓာတ်ဆီ ၅ လုံး စုစုပေါင်း ၁၀ တန်တို့အား ရေချမ်းပြင်ချောင်းဝအနီးမှ တင်ဆောင်ပြီး ရသေ့တောင်သို့ ပို့ဆောင်ပေးရန် ယနေ့နံနက်ပိုင်းတွင် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2023

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၇-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၈-၅-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၄၂၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၃၄) ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 18, 2023

မြန်မာနိုင်ငံအတွင်း (၁၄-၅-၂၀၂၃) ရက်နေ့က ဖြစ်ပွားခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်သူများအတွက် ပြည်တွင်းပြည်ပစေတနာရှင်များအနေဖြင့် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်