Skip to main content

Jun 17, 2026

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) ပြည်သူ့ဆေးရုံ နှစ်ထပ်ဆေးကုသဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 17, 2026

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင် (I - 5) ၌ နိုင်ငံတကာဆက်ဆံရေးကော်မတီဝင်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 17, 2026

တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 17, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဇွန် ၁၅ ရက်က နိုင်ငံတော်အဆင့် (State Visit) ချစ်ကြည်ရေးခရီးစဉ်အဖြစ် သွားရောက်လျက်ရှိသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုသည် နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များနှင့် နှစ်နိုင်ငံပြည်သူများအကြား အေးအတူပူအမျှ အပြန်အလှန်ဖေးမကူညီကြသော “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှုဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 17, 2026

ထိခိုက်ဒဏ်ရာရရှိမှုကြောင့် အရေးပေါ်ကုသရမည့်လူနာများ၊ ခွဲစိတ်ကုသရမည့်လူနာများ၊ ကလေးမွေးမည့်မိခင်များ၊ ပုံမှန်သွေးသွင်းနေရသည့် နာတာရှည်ဝေဒနာရှင်များ စသည်ဖြင့် သွေးလိုအပ်သည့်လူနာများမှာ ကမ္ဘာတစ်ဝန်းတွင် သန်းနှင့်ချီ၍ရှိနေသည်။ အသက်ကယ်ဆယ်နိုင်ရေးအတွက် လုံခြုံစိတ်ချရသော သွေးလိုအပ်ချက်သည် စက္ကန့်တိုင်းတွင် ကမ္ဘာ့တစ်နေရာရာ၌ ရှိနေသော်လည်း သွေးရရှိမှုမှာ နည်းပါးလျက်ရှိသည်။ သို့ဖြစ်ရာ သွေးဘဏ်များသည် အန္တရာယ်ကင်း၍ လုံခြုံစိတ်ချရသည့် သန့်ရှင်းသော သွေးရရှိနိုင်ရန် အဖိုးအခငွေကြေးတစ်စုံတစ်ရာမယူဘဲ စေတနာအလျောက် ပုံမှန်သွေးလှူကြသည့် စေတနာသွေးလှူရှင်များကို ကြိုးစားရှာဖွေနေကြရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် Tiananmen Square ရှိ သူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချ၍ အလေးပြုသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က The Great Hall of the People ၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (National People's Congress - NPC) ဥက္ကဋ္ဌ မစ္စတာကျောက်လဲ့ကျိနှင့် The Great Hall of the People ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် The Great Hall of the People ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2026

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ကိုးဦးနှင့် ကင်ညာနိုင်ငံသား တစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၀ ဦးတို့အား မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပေကျင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2026

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် ဒေသခံပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျ ညှင်းပန်းနှိပ်စက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် ကုန်စည်စီးဆင်းမှုကို ရပ်တန့်စေရန် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသော လမ်းမကြီးများ၊ ရထားလမ်းများအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2026

နိုင်ငံတော်ဩဝါဒါစရိယ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရထံ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက မျက်စိဝေဒနာရှင်များကို အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးရာတွင် လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရန် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2026

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြောင်းတကာမြို့ စက်မှုဇုန်ရှိ ZON TAI STEEL Co., Ltd. သံရည်ကျိုလုပ်ငန်း၌ တရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းခြောက်ဦးအား ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန် လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း၌ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2026

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းစာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သည့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်သည့် အခွင့်အရေးမဆုံးရှုံးစေရေးအတွက် နိုင်ငံတော်အစိုးရက Placement Test (အထူးအစီအစဉ်) ဖြင့် Grade-1 မှ Grade-8 အဆင့်အထိ ကျောင်းသား ကျောင်းသူများ အရည်အချင်းစစ်စာမေးပွဲကို ပြုလုပ်ကျင်းပရာ ကျောင်းသား ကျောင်းသူ ၄၇၄ ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2026

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၌ ကောက်ရိုးမှိုစိုက်ပျိုး ထုတ်လုပ်မှု တောင်သူနည်းပညာသင်တန်းကို ဇွန် ၁၃ ရက်က ခရိုင် စိုက်ပျိုးရေးဦးစီးမှူးရုံး၌ပြုလုပ်ရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2026

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့်ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁) ပထမနေ့ကို ဇွန် ၁၅ ရက်က သုဝဏ္ဏကွင်း၌ကျင်းပရာ အား/ကာသိပ္ပံအသင်းက ရှမ်းယူနိုက်တက် အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2026

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်မည့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် တက်ရောက်၍ အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2026

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်သည့် ဘွိုင်လာကိုင်တွယ်ထိန်းသိမ်း သူများသင်တန်း အမှတ်စဉ်(၂/၂၀၂၆) သင်တန်းဖွင့်ပွဲနှင့် မွန်ပြည်နယ်သထုံမြို့ရှိ အမှတ် (၈) စက်မှုသင်တန်းကျောင်း(သထုံ) သင်တန်းခန်းမ၌ ဖွင့်လှစ်သည့် ရော်ဘာနည်းပညာကာလတိုသင်တန်းဖွင့်ပွဲတို့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် နေပြည်တော် ရုံးအမှတ်(၃၀)မှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 16, 2026

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် အင်းစိန်မြို့နယ် နိုင်ငံတကာ အဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်) (Myanmar Arts Center-Yangon)ရှိ တည်ဆောက်ရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အသံစနစ်များကောင်းမွန်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးတို့ကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်