Jan 24, 2021
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ယနေ့နံနက်ပိုင်း တွင် မြန်မာနိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုအသင်း (Myanmar Oil and Gas Services Society MOGSS) က ကြီးမှူး၍ Online ဖြင့် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အစည်း အဝေးဖွင့်ပွဲအခမ်းအနားသို့ Video Message ပေးပို့အမှာစကား ပြောကြားသည်။
Jan 24, 2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၆ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ရုံးအမှတ်(၇) စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Jan 24, 2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ အာဇာနည်လမ်းရှိ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဓမ္မာရုံ၌ ကျင်းပသည်။
Jan 24, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန ငါးမွေးကန်များ ဧကစာရင်းမှန်ကန် စေရေးနှင့် ပယ်ဖျက်လိုသောငါးမွေးကန်များ စာရင်းများ နှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က Zoom Meeting ဖြင့် ကျင်းပသည်။
Jan 24, 2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်အတွင်းရှိ ဆည်ရေသောက်စနစ်များ၊ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းများနှင့် မြန်မာ့စိုက်ပျိုးရေး ကဏ္ဍ ရှင်သန်နိုးကြားမှုမြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများ အား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Jan 24, 2021
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ လူငယ်များ၊ အမျိုးသမီးများအတွက် ဦးတည်၍ ဆောင်ရွက်လျက်ရှိသော ‘အားလုံးအတွက်ရှေးဦးပြုစုခြင်း’ ‘ First Aid for All’ သင်တန်းစီမံချက် ဒုတိယအဆင့် သင်တန်းဆင်းပွဲအခမ်းအနားကို Online ဖြင့် ယနေ့ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းလွင်က သင်တန်းဆင်း အမှာစကား ပြောကြားသည်။
Jan 24, 2021
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ ဧရာဟင်္သာဟိုးလ်ဒင်း ကုမ္ပဏီ လီမိတက်လက်အောက်ရှိ ဝိတိုရိယ ဆေးရုံ၊ A Bank နှင့် ပုသိမ်စက်မှုမြို့ တော် စီမံကိန်းတို့မှ ဆောက်လုပ် လှူဒါန်းသည့် ၆၇ ခုတင်ဆံ့ ကိုဗစ်-၁၉ သံသယလူနာကုသဆောင် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၂နာရီက အထွေထွေ ရောဂါကုဆေးရုံကြီး (မန္တလေး) တွင် ပြုလုပ်ခဲ့သည်။
Jan 24, 2021
နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၂၃ ဦးအား စင်ကာပူရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၇) ကြိမ်မြောက် မြန်မာ အမျိုးသားလေကြောင်းလိုင်း (MNA) စင်းလုံးငှား အထူးကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၇ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
Jan 24, 2021
စေတနာသည် လုပ်ဆောင်မှုဖြစ်၏။ စေတနာသည် အကြောင်းရင်းခံ၏။ စေတနာသည် ကံမည်၏။ ကောင်းသောစေတနာသည် အကျိုးပေးသန်၏။ စေတနာသည် အကောင်းချည်းမဟုတ်၊ မကောင်း စေတနာ၊ ကောင်းစေတနာ ရှိ၏။ မကောင်းသောစေတနာသည် မကောင်းသောအကျိုးပေး၏။ ကောင်း သောစေတနာသည် ကောင်းသောအကျိုးပေး၏။ ယနေ့ မြန်မာနိုင်ငံတွင် ကောင်းသောစေတနာများ ပွားများကြ၍ ကောင်းကျိုးမင်္ဂလာများ တိုးပွား လာ၏။
Jan 24, 2021
ရုတ်ခြည်းပေါ်ပေါက်လာသည့် ဗိုင်းရပ်စ်ပိုးနှင့် ကပ်ရောဂါတစ်ခုကြောင့် လူတို့၏ ပုံမှန်အနေအထိုင်၊ အပြုအမူတို့ ပြောင်းလဲ သွားကြကာ လူမှုဘဝနေထိုင်မှုပုံစံသစ်အဖြစ် ပြောင်းလဲလာ ခဲ့သည်မှာ နှစ်ပေါက်ခဲ့ပြီ။
Jan 23, 2021
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဗဟိုအဆင့် မွမ်းမံဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်း အနား ကို ယနေ့နံနက်ပိုင်းတွင် Semi-virtual စနစ်ဖြင့် ကျင်းပသည်။
Jan 23, 2021
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (စွမ်းအင်ကဏ္ဍ) ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Jan 23, 2021
(၆၇) ကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်အသင်းညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် Virtual Online Conference စနစ်ဖြင့် ကျင်းပသည်။
Jan 23, 2021
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 23, 2021
မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက် ဂျုံးဂျုံးကျတောရကျောင်းလမ်းတွင် တည်ဆောက်မည့် ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန သက်မွေးပညာ သင်တန်းကျောင်း ပင်မစာသင်ဆောင်အဆောက်အဦသစ် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကို ယနေ့နံနက် ၈နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 23, 2021
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ အမှတ် (၂)ရပ်ကွက်ရှိမြို့နယ်စည်ပင်သာယာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်၌ ခတတ်ချဉ် ကျေးရွာအုပ်စု စိုက်ပျိုးရေးဦးစီးဌာန (ကော်ဖီရာသီ) သီးနှံဌာနခွဲမှ ပြန်လည်စွန့်လွှတ်အပ်နှံသည့် မြေယာများအား တောင်သူများသို့ယာယီလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၃) လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စဉ့်ကူးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ တောင်သူကိုယ်စားလှယ်များ စုစုပေါင်းအင်အား (၃၀)ဦး တက်ရောက်ခဲ့သည်။
Jan 23, 2021
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ စေတနာအလှူရှင်များမှဆောက်လုပ်လှူဒါန်းသည့် ၆၇ ကုတင်ဆံ့ ကိုဗစ်-၁၉ သံသယလူနာကုသဆောင်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အထွေထွေ ရောဂါကုဆေးရုံကြီး(မန္တလေး) တွင်ပြုလုပ်ခဲ့သည်။
Jan 23, 2021
ရန်ကုန်မြို့ရှိ ဘူတာရုံများနှင့် ရထားလမ်းများကို ဂျပန်နိုင်ငံမှ JICA နှင့် မြန်မာ့မီးရထား တို့က အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ရေရှည်ကောင်းမွန်စေရန်နှင့် ရထားလမ်းများ တစ်လျှောက် သန့်ရှင်းသာယာရေးအတွက် အသိပညာပေးလုပ်ငန်းများကို နာမည်ကျော် ပုဂ္ဂိုလ်များနှင့်အတူ ပတ်ဝန်းကျင်နေ ပြည်သူများနှင့် ရထားစီးခရီးသွားပြည်သူများ၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် ကော်မတီဖွဲ့စည်းထားပြီး စီမံချက်ရေးဆွဲလျက်ရှိကြောင်း သိရသည်။
Jan 23, 2021
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏လမ်းညွှန်မှုဖြင့် မြစ်သားမြို့နယ် ကူမဲငါးလုပ်ငန်း စခန်းအနေဖြင့် ပြည်သူများအလွယ်တကူဖတ်ရှုနိုင်သော ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး ငါးစခန်း၏ မျက်နှာစာတွင် သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်နှိုးဆော်ချက် ပိုစတာစိုက်ထူခြင်းကို စခန်းတာဝန်ခံ ဦးစောအောင်ကိုလတ်နှင့်အတူ ဝန်ထမ်းများစုပေါင်း၍ ယနေ့နံနက်ပိုင်းတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
Jan 23, 2021
အစွန်းရောက်ဝါဒတိုက်ဖျက်ရေး လက်နက်ကိရိယာ တစ်ခုအဖြစ် အားကစား၏ တန်ဖိုးများ အသုံးချရေး ဆိုင်ရာ ပထမအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက် ၁၀ နာရီ တွင် Virtual Meeting ဖြင့် ကျင်းပသည်။
