Mar 11, 2020
2019 nCoV ဗိုင်းရပ်စ်ကို အများပြည်သူတို့ အထူးစိတ်ဝင်စားနေကြပြီဖြစ်သည်။
Mar 11, 2020
နေပြည်တော် မတ် ၁၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၃၄) ကြိမ်မြောက် မဟာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပသည်။
Mar 11, 2020
နေပြည်တော် မတ် ၁၁
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲပေးနိုင်ရေး ပညာပေး ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဉီးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် က အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင်က ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲပေးနိုင်ရေး ပညာပေးရန် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
Mar 11, 2020
နေပြည်တော် မတ် ၁၁
စတုတ္တအကြိမ် မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲ ပထမအကြိမ်အကြို တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်း ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Mar 11, 2020
ရိခေါ်ဒါရ် မတ် ၁၁
ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်ရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်ဘက်မှ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တံတား ဖြတ်သန်း သွားလာမှုဆိုင်ရာ အမိန့်ထုတ်ပြန်ချက်ကို မတ် ၁၀ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
Mar 11, 2020
(၁၁-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Mar 11, 2020
နေပြည်တော် မတ် ၁၁
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစတင်၍ မြန်မာတစ်နိုင်ငံလုံး၌ တစ်ပြိုင်တည်း စတင်ကျင်းပသည်။
ဌာန၌ ကျောင်းသူကျောင်းသားများ မြန်မာစာဘာသာ ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းတို့က လှည့်လည်ကြည့်ရှု အားပေးကြသည်။
Mar 11, 2020
မြစ်ကြီးနား မတ် ၁၁
ကချင်အနုပညာရှင်များ အသင်းချုပ်မှ ဦးဆောင်ကျင်းပသော ကချင်ရုပ်ရှင်နှင့် ဗီဒီယိုလောက၏ ကနဦး စွမ်းဆောင်ခဲ့ကြသော အနုပညာရှင်၊ အတတ်ပညာရှင်များအား တွေ့ဆုံဂါရဝပြုခြင်း အခမ်းအနားကို ယမန်နေ့ ညနေ (၆) နာရီတွင် မြစ်ကြီးနားမြို့၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
Mar 11, 2020
နေပြည်တော် မတ် ၁၁
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ဦးရှိသည့်အနက် ၆၃၅ ဦး တက်ရောက်ပြီး ၁၉ ဦး ခွင့်တိုင်ကြားသည်။