Feb 28, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၈
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ (၁/၂၀၂၀) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။
Feb 28, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၈
၂၀၂၀ ပြည့်နှစ်၊ နွေရာသီ ရေရှားပါးကျေးရွာများ သောက်သုံးရေရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 28, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၈
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
Feb 28, 2020
ဘားအံ ဖေဖော်ဝါရီ ၂၈
ကရင်ပြည်နယ်အတွင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ လူမှုအားမာန်အဖွဲ့များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ထောက်ငွေပေးအပ်ပွဲနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၁နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားဆွတ်ခူးခဲ့သည့် ကရင်ပြည်နယ် ဘောလုံးအသင်းအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ဘားအံ ဇွဲကပင် ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Feb 28, 2020
ပုသိမ် ဖေဖော်ဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများ၊ စက်ရုံမှူးများ၊ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများ၏ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၆ လတာကာလအတွင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဧရာရွှေဝါခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်အမှာစကားပြောကြားသည်။
Feb 28, 2020
ဘားအံ ဖေဖော်ဝါရီ ၂၈
ကရင်ပြည်နယ်အစိုးရအဖွဲ့မှဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် တွေ့ဆုံ၍ရပ်ကွက်နှင့် ကျေးရွာများဖွံ့ဖြိုးရေးကိစ္စများတင်ပြတောင်းဆိုမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ တွင် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် သန့်ရှင်းရေး အထူးအလေးထားရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအတွက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများအား ရှင်းလင်း ပြောကြားသည်။
Feb 28, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၈
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်ကုန်းမြို့နယ်၊ သစ်ဆိန်ပင်ကျေးရွာအုပ်စု၊ သစ်ဆိန်ပင် ကျေးရွာဘုန်းတော်ကြီးကျောင်း၊ သီရိမင်္ဂလာဓမ္မာရုံ၌ သစ်ဆိန်ပင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာ(၈)ရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာမျိုးအောင် တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။
Feb 28, 2020
ဘားအံ ဖေဖော်ဝါရီ ၂၈
ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၀) အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီ က ဘားအံမြို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အပေါ်ထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး Pyi Thu Dana Co.,Ltd ၏ တည်ဆောက်ရေးကာလအား ပထမအကြိမ် (၃)လနှင့် ဒုတိယအကြိမ်(၃)လ၊ စုစုပေါင်း(၆)လ သက်တမ်းထပ်မံတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စရပ်အား အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် သဘောတူ ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။
Feb 28, 2020
ညောင်ရွှေ ဖေဖော်ဝါရီ ၂၈
ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် အင်းလေးနှင်းဆီ ပုဂ္ဂလိကအမှိုက်နှင့်မိလ္လာသိမ်းဆည်းရေးကုမ္ပဏီတို့ လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်စည်ပင်သာယာရေးဌာန၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်နှင့် တာဝန်ရှိသူများက အမှာစကားပြောကြားသည်။
Feb 28, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ဘွဲ့လွန်သင်တန်းများ ဝင်ခွင့်ရွေးချယ်ရေး နှီးနှောဖလှယ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။