Feb 21, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၁
နေ၊ ဂြိုဟ်တု နှင့် TVRO (စလောင်း) တို့ တစ်တန်းတည်း ကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်လေ့ရှိရာ ယင်းသို့ Sun Outage ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှ ပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံ အချက်အလက်များ ခေတ္တယာယီ ပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိသည်။
Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး နှစ်စဉ် မတ်လတွင် (၁) ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင် (၁)ကြိမ် ကြုံတွေ့ရလေ့ရှိသည်။
Feb 21, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 21, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျူ့ (United States Institute of Peace, USIP) တို့ ပူးပေါင်းကျင်းပသော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ဒီမိုကရေစီနည်းကျ စီမံထိန်းကျောင်းခြင်း ဆွေးနွေးဖလှယ်ပွဲအား ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်၊ Park Royal Hotel ၌ ကျင်းပသည်။
Feb 21, 2020
မကွေး ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့်(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မကွေးခရိုင်အားကစားကွင်း၌ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှထွန်းနှင့် တိုင်းဒေသကြီးချင်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဆလိုင်းမြတ်ထွန်းဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခမ်းအနားကျင်းပရာ ချင်းတိုင်းရင်းသား တိုင်းရင်းသူများ၏ တိုင်းရင်းသား ရိုးရာအကအလှဖော်ဖြေမှု အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Feb 21, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Bhim K. Udas ၊ နီပေါနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ Mr. Kishor Shrestha နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်) တို့ဦးဆောင်သည့် အဖွဲ့ဝင်များအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Feb 21, 2020
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် Bower Group Asia (Myanmar) ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်တင်မေသိန်း (Judy Ko) နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
Feb 21, 2020
ထားဝယ် ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၏ အနှစ် (၂၀) ပြည့် ကြွေရတုအထိမ်းအမှတ် စာတမ်းဖတ်ပွဲများ၊ ဘာသာရပ်ဆိုင်ရာပြခန်းများနှင့် စတုဒိသာများဖြင့် ယနေ့နံနက် ၈ နာရီက ထားဝယ်တက္ကသိုလ် ပင်မဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Feb 21, 2020
ပုသိမ် ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် အစိုးရသစ်လက်ထက် တိုင်းဒေသကြီးအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှု ကတ်တစ်သန်းပြည့်မြောက်ခြင်းအထိမ်းအမှတ်အခန်းအနားကိုယနေ့နံနက်ပိုင်းကမြို့တော်ခန်းမ၌ ကျင်းပသည်။
Feb 21, 2020
မန္တလေး ဖေဖော်ဝါရီလ ၂၁
ကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲကို ယနေ့ နံနက် (၁၀)နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး (မန္တလေး)တွင် ကျင်းပသည်။
Feb 21, 2020
ရန်ကုန် ဖေဖော်ဝါရီ ၂၁
ဒုတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲကို ယနေ့နံနက် ၉နာရီက ရန်ကုန်မြို့၊ အင်းလျားကန်ဟိုတယ်ဝင်း အတွင်းရှိ Yangon Convention Centre-YCCတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးဇော်အေးမောင် တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံမော်တော်ယာဉ်အသင်းဥက္ကဋ္ဌ ဦးအောင်ဝင်း က ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုလည်ကောင်း၊ (GPI)MyanmarCo;Ltdမှ Mr.Anothai.Eamlumnowက မြန်မာနိုင်ငံတွင် ကားပြပွဲကျင်းပရခြင်း အကြောင်းကို လည်းကောင်း အသီးသီးရှင်းလင်း ပြောကြားကြသည်။