Skip to main content

Feb 24, 2020

ငရုတ်ကောင်း  ဖေဖော်ဝါရီ  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ကြွေချိုင်၊ နံ့သာပု၊ ဂေါ်ရန်ဂျီဒေသအား ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တို့သည် ယမန်နေ့က ဂေါ်ရန်ဂျီကျွန်းသို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

စစ်ကိုင်း  ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို စစ်ကိုင်းမြို့နှစ်(၇၀၀)အားကစားကွင်းရှိ ဖူဆယ်ဘောလုံးကွင်းအတွင်း၌ ယနေ့ နံနက်(၉)နာရီအချိန်တွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၃

နိုင်ငံတော်၏ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံ၊ အလုပ်ရုံများ၏ ကုန်ထုတ် စွမ်းအားတိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များ ရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါ ရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ မှန်မှန် ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2020

နေပြည်တော် ဇန်နဝါရီ  ၂၄

 

လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ကင်းထောက်စတင်တည်ထောင်သူ လော့ဒ်ဗေဒင်ပါဝဲလ် အထိမ်းအမှတ်နေ့(Scout Founder Day) နှင့် ကင်းထောက်လူငယ်များ၏ အသိပညာမျှဝေခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ပညာ‌ရေး၀န်ကြီးဌာန ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီ‌ကောလိပ်နှင့်‌ ကောလိပ်‌ပေါင်းစုံ ဖိတ်‌ခေါ်လှေလှော် ဗိုလ်လုပွဲပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ အင်းလျားလမ်း ရန်ကုန် တက္ကသိုလ်များ‌ လှေလှော်အသင်း(ရန်ကုန်)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် မြန်မာစာဌာနက ကြီးမှူးကျင်းပသည့် စာရေးဆရာမ နုနုရည်(အင်း၀)၏ “ဝတ္ထုတစ်ပုဒ် မွေးဖွားခြင်း” စာပေဟောပြောပွဲကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် မြန်မာစာဌာနရှိ မြန်မာစာခန်းမ၌ ကျင်းပသည်။

စာပေဟောပြောပွဲတွင် “ဝတ္ထုတစ်ပုဒ်မွေးဖွားခြင်း”အကြောင်းအရာနှင့် စပ်လျဉ်း၍ စာရေးဆရာမ နုနုရည်(အင်း၀)၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

စာရေးဆရာမ နုနုရည်(အင်း၀)

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၃

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၃

၂၀၁၉ခုနှစ်၊ နိုဝင်ဘာ(၃၀)ရက်မှ ဒီဇင်ဘာ(၁၁) ရက်အထိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့သည့် အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုရရှိကြသည့် မြန်မာ့အားကစားသမားများအား Mytel မှ  ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ်  အလံပြဘုရားလမ်းရှိ Park Royal Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2020

ရန်ကုန် ဖေဖော်ဝါရီ ၂၃

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) တို့ ပူးပေါင်းပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတ ဖြစ်စေရေး ဦးတည်သော အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ရန်ကုန်ရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်