Skip to main content

Feb 19, 2020

သရက်ချောင်း   ဖေဖော်ဝါရီ   ၂၀

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဒေသခံပြည်သူများအား တွေ့ဆုံပွဲနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနား ကို ယမန်နေ့ မွန်းလွဲ (၂) နာရီက သရက်ချောင်းမြို့ မြို့နယ်ခန်းမဆောင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2020

၁။ အာဖရိကဝက်အပြင်းဖျားရောဂါသည် ယခင်က အာဖရိကတိုက်နိုင်ငံ များရှိဝက်များတွင်သာ ဖြစ်ပွားခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဩဂုတ်လမှစ၍ အိမ်နီးချင်းအာရှနိုင်ငံများတွင် ကူးစက်ဖြစ်ပွားခဲ့ရာ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့် အလိုက် ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်း ၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် တရားမဝင် ဝင်ရောက်လာသည့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တားဆီး ကာကွယ် ထိန်းချုပ်ရေးအဖွဲ့ များဖွဲ့စည်းလျက် တရားမဝင် ဝင်ရောက်လာသည့် ဝက်နှင့် ဝက်ထွက်ပစ္စည်း များကိုစစ်ဆေးပြီး ကန့်သတ်ပိတ်ပင်တားဆီး/ ဖျက်ဆီးခြင်း၊ ပြည်သူလူထု အသိပညာပေ

ဆက်လက်ဖတ်ရှုရန်

Feb 19, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၉

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ရေဝပ်ဒေသ များနေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အ စိုးရက အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား အရှေ့အာရှ−ဩစတြေးလျအာရှ ရွှေ့ပြောင်းကျက်စားသည့် ငှက်ပျံ သန်းရာ လမ်းကြောင်းကွန်ရက်နယ်မြေ- EAAF (အီးအေအေအက်ဖ် အမှတ်၊ ၁၄၇)အဖြစ် သတ်မှတ်ကြောင်း ကြေညာ လိုက်သည့် အတွက် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် မြန်မာနိုင်ငံ၏ ဆဋ္ဌမမြောက် အရှေ့အာရှ−ဩစတြေးလျအာရှ ရွှေ့ပြောင်း ကျက်စားသည့် ငှက်ပျံသန်းရာလမ်းကြောင်း ကွန်ရက်နယ်မြေဖြစ်လာကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2020

တာချီလိတ် ဖေဖော်ဝါရီ ၁၉


ရွှေ့ပြောင်းအလုပ်သမားများ၏ လူမှု ဖူလုံရေးနှင့် အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၈ ရက်က ထိုင်းနိုင်ငံ (မြောက်ပိုင်း)ချိန်းရိုင်းခရိုင် Wang Come ဟိုတယ် ၌ ကျင်းပရာ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများမှ အစိုးရ မဟုတ်သော အဖွဲ့အစည်း ၁၂ ဖွဲ့ ကိုယ်စားလှယ်များ၊ ချိန်းရိုင်း၊ မယ် ကျန့်၊ ချိန်းဆဲန်၊ မယ့်စလောင်း၊ မယ်ဆိုင်ဒေသများမှ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2020

သမဂ္ဂါနံ တပေါ သုခေါ- စည်းလုံးညီညွတ်ခြင်းက ချမ်းသာခြင်း ကို ဆောင်ကြဉ်းနိုင်သည်ဟူ၍ ဗုဒ္ဓမြတ်စွာဘုရားက ဟောကြား တော်မူခဲ့သည်။ စည်းလုံးညီညွတ်ခြင်းဟူသည် မကွဲပြားခြင်း၊ မခွဲခြားခြင်းလည်းဖြစ်သည်။ မတူကွဲပြားမှုများ တညီတညွတ်တည်း စုစည်းစည်းလုံးလာသည့်အခါ ခွန်အားနှင့် စွမ်းအင်လည်း ပေါ်ထွက်လာသည်။ စည်းလုံးညီညွတ်သည့် အင်အားဖြင့် စိန်ခေါ် မှုများကို တွန်းလှန်နိုင်သည်။ အခက်အခဲများကို ကျော်လွှားနိုင် သည်။ ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ကာ အောင်မြင်မှုကို ရယူနိုင်သည်။ သို့အတွက်ကြောင့်ပင် “စည်းလုံးခြင်းသည် အင်အား” ၊ “စည်းလုံးညီညာ အောင်ကြောင်းဖြာ” ဟူသော အဆို အမိန့်တို့ရှိနေခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2020

လူမှုဘဝဆက်ဆံရေးနယ်ပယ်၌ဖြစ်စေ၊ လုပ်ကိုင်ဆောင်ရွက်မှုနယ်ပယ်၌ဖြစ်စေ ထိတွေ့မှုများလျှင် ရင်းနှီးကျွမ်းဝင်မှုဖြစ် လာ သည်။ ထိတွေ့မှုများသော်လည်း ရင်းနှီးကျွမ်းဝင်မှုမရှိသေးခြင်းမှာ နားလည်မှုလွဲမှားခြင်း သို့မဟုတ် နားမလည်ခြင်းကြောင့် ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ထိတွေ့မှုများပြီး ကျွမ်းဝင်ရင်းနှီးသည့် ယဉ်ပါးမှုဖြစ်အောင် အားလုံးနားလည်နိုင်သည့် မြန်မာမှုကို ပြုကြရမည်ဖြစ်သည်။ ။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၀

က။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှမှုနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိရာ ယနေ့ (၂၀-၂-၂၀၂၀) ရက်နေ့၊ နံနက်အထိ စောင့်ကြည့်လူနာ (၁၁) ဦး တို့အား ဆေးရုံများတွင် ဆက်လက်၍ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးခဲ့ပါသည်။

ခ။ အဆိုပါ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော လူနာများအနက် -

(၁) မန္တလေးပြည်သူ့ဆေးရုံကြီးမှ အသက်(၂၄) နှစ်အရွယ် အမျိုးသားတစ်ဦး၊

ဆက်လက်ဖတ်ရှုရန်

Feb 19, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၉
 

• တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၂၆) နိုင်ငံတွင် ရောဂါဖြစ်ပွားမှု အခြေအနေ၊

• မြန်မာနိုင်ငံတွင် ရောဂါ စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများအား ဗဟိုအဆင့်မှ မြို့နယ် အဆင့်အထိ ဆောင်ရွက်နေမှုများ၊

• မြန်မာနိုင်ငံ ဆေးရုံများတွင် စောင့်ကြည့်လူနာများကို စောင့်ကြပ်ကြည့်ရှုကုသပေးနေမှုများ၊

• ဓာတ်ခွဲအတည်ပြုလူနာများ၊ ရောဂါပြင်းထန်သည့်လူနာများ ရောက်ရှိပေါ်ပေါက်လာပါက အရည်အသွေးပြည့်ဝစွာ ကုသမှုပေးနိုင်ရေးအတွက်ပြင်ဆင်ဆောင်ရွက်ထားမှုများ၊

ဆက်လက်ဖတ်ရှုရန်

Feb 19, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၉


၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအချို့ တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် Department for International Development – DFID (UKaid) ၏ External Team of Election Experts ခေါင်းဆောင်ဖြစ်သူ Mr. Holly Ruthrauff နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်