Feb 17, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၇
အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။
Feb 17, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၇
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (National Health Laboratory) သည် (၂၀၀၈) ခုနှစ်၊ ဖေဖေါ်ဝါရီ (၂၆) ရက်မှစတင်၍ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အသိအမှတ်ပြု “အမျိုးသားတုပ်ကွေးရောဂါဌာန အဖြစ်ရပ်တည်ခဲ့ပြီး တုပ်ကွေး ဗိုင်းရပ်(စ်) ပိုးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်(စ်)ပိုးများကို ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် အသက်ရှု လမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကုသခြင်း လုပ်ငန်းများတွင် အထောက်အကူပြု ဆောင်ရွက်လျက်ရှိသည်။
Feb 17, 2020
(၁၇-၂-၂၀၂၀ ရက်နေ့၊ ည (၈:၀၀) နာရီ)
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှူခြင်း လုပ်ငန်းများအား အပြည် ပြည်ဆိုင်ရာဝင် ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
Feb 17, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၇
ပထမအကြိမ် မြန်မာ-ပိုလန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် ပိုလန်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Marcin Przydacz တို့က ဦးဆောင်ကျင်းပကြသည်။
Feb 17, 2020
ရန်ကုန် ဖေဖော်ဝါရီ ၁၇
နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ် သည့် အဆင့်မြင့်သံတမန်ရေးရာ ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၆/၂၀၂၀) ၏ သင်တန်းဖွင့်ပွဲ ကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်၍ သင်တန်းဖွင့်အမှာ စကားပြောကြားသည်။
Feb 17, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအားလုံး ပါဝင်သော စုံညီခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်း အမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု(၄)မှုကို စီရင်ချက် ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှု(၆)မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
Feb 17, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၇
ဓါတ်ရောင်ခြည်ကင်ဆာရောဂါ ကုဌာနတွင် တပ်ဆင်မည့် အိန္ဒိယနိုင်ငံမှ လှူဒါန်းခဲ့သော ဓါတ်ရောင်ခြည်သုံး ကင်ဆာရောဂါကုစက် (Bhabhatron- II) Cobalt Unit 4th Generation တပ်ဆင်နိုင်ရေးနှင့် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင် ဝယ်ယူမည့် Linear Accelerator စက်၏ specifications၊ စက်တပ်ဆင်မည့် အဆောက်အဦ ကိစ္စများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည် ကင်ဆာရောဂါကုဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။
Feb 17, 2020
ဘားအံ ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြိုနယ်၊ ခနိမ်းဖော်ကျေးရွာ၊ သုံးဆယ့်သုံးဆူကျေးရွာများအပါအဝင် ပတ်ဝန်းကျင်ကျေးရွာများဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကိုဆောင်ရွက်ပေးနိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Feb 17, 2020
ကော့ကရိတ် ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ အတွင်းမှ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကော့ကရိတ်မြို့ သုံးဆယ့်သုံးဆူကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ဒေသနေပြည်သူများ နှင့် ယမန်နေ့ နံနက် (၉)နာရီက တွေ့ဆုံပွဲကို ကျင်းပပြုလုပ် သည်။
Feb 17, 2020
မုဒုံ ဖေဖော်ဝါရီ ၁၇
မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ(၁)ရပ်ကွက်၊ မုဒုံကြီးရပ် “လူငယ်ရိပ်သာ” စာကြည့်တိုက် အုတ်မြစ်တော်စီမင်္ဂလာနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး လူငယ်ရိပ်သာစာကြည့်တိုက်ကော်မတီ(နာယက) ဦးစိုးသန်းအေးတို့က မင်္ဂလာရွှေအုတ်၊ ငွေအုတ်၊ ပတ္တမြားအုတ်တို့ဖြင့် အုတ်မြစ်တော်စီပေးခဲ့ကြသည်။