Feb 15, 2020
မန္တလေး ဖေဖော်ဝါရီ ၁၅
Coronavirus Disease (COVID-19) လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကာကွယ်ကုသရေးအတွက် မန္တလေးမြို့ ပေါ်ဆေးရုံများအားလုံးတွင် ကြိုတင်ပြင်ဆင် ထားရှိမှု လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေးညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းတွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။
Feb 14, 2020
မြစ်ကြီးနား ဖေဖော်ဝါရီ ၁၅
ကချင်ပြည်နယ်အတွင်းမှ ၂၀၁၈-၂၀၁၉ ခုနှစ်နှင့် ၂၀၁၉-၂၀၂၀ ပြည့်နှစ်များတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၀) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဖိလစ်ပိုင်)နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲ များတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေ၊ ငွေ၊ ကြေး တံဆိပ်ဆုများရရှိခဲ့ကြသည့် ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများအား ယမန်နေ့ မွန်းလွဲ (၃) နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
Feb 14, 2020
လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၅
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း) ကြာအင်း ကျေးရွာအုပ်စု ဝိုင်းတော်ကျေးရွာ ပြည်သာယာ ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:ဝဝ)နာရီ က အဆိုပါ ကွန်ကရစ်လမ်းပေါ်၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
Feb 14, 2020
မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၇ နှစ်အတွင်းအရွယ် ကလေးဦးရေ ၁၂ သန်းကျော်ရှိနေပြီး ယင်းဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ ကလေးအလုပ် သမားများဖြစ်ကြကြောင်း၊ ကလေးအလုပ်သမား ဦးရေ၏ ထက်ဝက်ခန့်မှာလည်း အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင် နေကြကြောင်း မှတ်သားရဖူးသည်။
Feb 14, 2020
(၁၅ -၂-၂၀၂၀ ရက်နေ့၊ နံနက် (၈:၀၀) နာရီ)
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် 2019-nCoV လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှမှုနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက် လျက် ရှိရာ ယနေ့ (၁၄-၂-၂၀၂၀) ရက်နေ့၊ ည (၈) နာရီအချိန်အထိ လူနာ (၂၁) ဦး တို့အား ဆေးရုံများတွင် ဆက်လက်၍စောင့်ကြပ်ကြည့်ရှု ကုသမှုပေးခဲ့ပါသည်။
၂။ အဆိုပါ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော လူနာများအနက် -
(၁) တောင်ကြီးစဝ်စံထွန်းပြည်သူ့ဆေးရုံကြီးမှ (၁၉) နှစ် အရွယ် အမျိုးသားတစ်ဦး၊
(၂) ပုတီးကုန်းတိုက်နယ်ဆေးရုံမှ (၃၂) နှစ် အရွယ် အမျိုးသမီးတစ်ဦး၊
Feb 14, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၄
ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ခြင်းနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ကျင်းပသည်။
Feb 14, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၄
သတင်းအချက် ရပိုင်ခွင့် ဥပဒေ(မူကြမ်း) နှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်၉ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပ၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
Feb 14, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၄
နေပြည်တော်တွင် ပထမဦးဆုံးအကြိမ် ကျင်းပသည့် နေပြည်တော်ရေပန်းဥယျာဉ် ပန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ည ၆ နာရီတွင် နေပြည်တော်ရေပန်း ဥယျာဉ်အတွင်း ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ နေပြည်တော် ကောင်စီဝင်များ ဖြစ်ကြသည့် ဦးအေးမောင်စိန်နှင့် ဦးညီထွန်း၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆန်းမြတ်ထွန်း ကုမ္ပဏီ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။