Jun 27, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 27, 2026
တောင်ကိုရီးယားသွင်းကုန်ပြပွဲ (Korea Import Expo 2026 - KIE 2026) ကို ဇွန် ၂၃ ရက်မှ ၂၅ ရက်အထိ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ COEX (Hall B) ၌ ကျင်းပရာ မြန်မာသံရုံး ဆိုးလ်မြို့၏ အစီအစဉ်ဖြင့် မြန်မာပြခန်း (Myanmar Pavilion) ပါဝင်ပြသပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုမြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
Jun 27, 2026
သာသနာရေးဝန်ကြီးဌာန မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၌ ကျင်းပရာ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးလင်းအောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Jun 27, 2026
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင် အဆောက်အအုံဟောင်းများ ဖျက်သိမ်း၍ လေလံတင်ရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပသည်။
Jun 27, 2026
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများခွင့်ပြုပေးမှုအခြေအနေ
Jun 27, 2026
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်း တစ်ရက်တည်းဖြင့် အပြီးထုတ်ပြန်ကြေညာသွားမည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာန များ၏ အောင်စာရင်းများကို ဇွန်လ (၂၈) ရက်နေ့ တနင်္ဂနွေနေ့ နံနက် (၆) နာရီတွင် မြန်မာ့အသံ (ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ စတင်ထုတ်လွှင့် ကြေညာပေးသွားမည်ဖြစ်သည်။
ဓာတ်အားပိတ်ပြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်
Jun 27, 2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရေး၊ ဗို့အားကောင်းမွန်စေရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေးတို့အတွက် လွိုင်လင်ခရိုင်အတွင်းရှိ ၆၆ ကေဗွီ လွိုင်လင်-လဲချား-မိုင်းကိုင် ဓာတ်အားလိုင်းမှ ဓာတ်အားရယူထားသော ၆၆/၃၃ ကေဗွီ ဝမ်ကုန်း၊ လဲချား၊ မိုင်းကိုင်ဓာတ်အားခွဲရုံတို့ရှိ ဓာတ်အားလက်ခံစက်ပစ္စည်းများနှင့် ပါဝါထရန်စဖော်မာတို့ကြား ချိတ်ဆက်ထားသောပစ္စည်းများ ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် ဓာတ်အားထိန်းချုပ်ခန်း အတွင်းရှိ စက်ပစ္စည်းများကို လိုအပ်သော ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ဇွန် ၂၇ ရက် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါ ဓာတ်အားပိတ်လုပ်ငန်းများ ဆောင်ရွက်နေချိန်အတွင်း လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်နှင့် လဲချားမြို့နယ်အတွင်း ယာယီဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ဓာတ်အားပိတ်ဧရိယာများရှိ ဓာတ်အားသုံးစွဲသူအများပြည်သူများကို ကြိုတင်အသိပေးအကြောင်းကြားထားပြီးဖြစ်သည်။
Jun 27, 2026
၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများကို နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကျင်းပခဲ့ပြီး တောင်ကြီးမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ ဖျက်ဆီးခြင်းကို တစ်ပြိုင်တည်း ကျင်းပကြကာ စာပေ၊ ဂီတပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ကြသည်။
Jun 27, 2026
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ဇွန် ၂၅ ရက်က ကျင်းပသည့် (၁၄) ကြိမ်မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် ဦးဆောင်ကော်မတီအစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးနှင့်အဖွဲ့ တက်ရောက်သည်။
Jun 27, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယနေ့တွင် ချင်းပြည်နယ် တီးတိန်မြို့ရှိ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံအုပ်ကြီး၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
Jun 27, 2026
World MSME Day အထိမ်းအမှတ် ထူးချွန် MSME စာရင်း ထုတ်ပြန်ကြေညာခြင်း
Jun 27, 2026
အလုပ်သမားဝန်ကြီးဌာန ၂၀၂၆ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနစိုက်ခင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Jun 27, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ တွေ့ဆုံသည်။
Jun 27, 2026
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းထားရှိသည့် ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်သူ့လွှတ်တော် (C) ဆောင် ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 27, 2026
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်က “အာဆီယံထုတ်ပြန်ချက်ငါးရပ် (ASEAN Five-Point Statement) သည် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန်ဟူသော အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သကဲ့သို့ သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်သို့တင်သွင်းခဲ့ပြီး ယင်းအဆိုနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များအပေါ် အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့သည်-
Jun 27, 2026
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Jun 27, 2026
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Jun 27, 2026
စားရေရိက္ခာမူဝါဒကော်မရှင်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စားရေရိက္ခာမူဝါဒကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Jun 27, 2026
“ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ပြည်ပသွင်းကုန်များကို အများအားဖြင့် တင်သွင်း ဆောင်ရွက်ကြရပြီး မိမိတို့အနေဖြင့်လည်း ပြည်ပမှသွင်းကုန်များကို နှစ်စဉ်တင်သွင်းနေရကြောင်း၊ ထို့ကြောင့် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်ရေး ပြည်တွင်းကုန်ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုနှင့် ကုန်သွယ်မှုလိုငွေများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်တွင်းသုံးစွဲမှုဖူလုံပြီး ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၂၅ ရက်တွင် ပြုလုပ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့သည်။
Jun 27, 2026
ယနေ့ မိမိတို့၏နိုင်ငံသည် နိုင်ငံရေးအရ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး စီးပွားရေးအရ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသည်။ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သည့်အလျောက် အတိတ်ကာလတစ်လျှောက်လုံးတွင် မိရိုးဖလာအသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်ခဲ့သော စိုက်ပျိုးရေးကို မျက်မှောက်ကာလအထိ အဓိကမှီခိုအားထားမှုပြုနေရသေးသည်။ နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် စိုက်ပျိုးရေးအခြေခံမှသည် စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ အဆင့်မြင့်နည်းပညာလုပ်ငန်းစသည်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားတက်လှမ်းသွားကြရမည်ဖြစ်သည်။
