သတင်းများ

Nov 27, 2020
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ် နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း က ရန်ကုန်တိုင်းဒေသကြီးသို့ Medical Vehicle တစ်စီး နှင့် Ventilator တစ်လုံး ပေးအပ်လှူဒါန်းသည့် အခမ်းအနား ကို ကူမင်းမြို့ ကောင်စစ်ပရဝဏ်ရှိ ကောင်စစ်ဝန်ချုပ်ရုံး များ ဝန်ဆောင်မှုဌာန၌ ယနေ့ ကျင်းပရာ ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်းကိုယ်စား ယူနန် ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး ညွှန်ကြားရေး မှူးချုပ်နှင့် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mme. Pu Hong က လွှဲပြောင်းပေးအပ်ပြီး ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်က လက်ခံရယူ သည်။
Nov 27, 2020
(၁၄)ကြိမ်မြောက် အာဆီယံ ဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းများဆိုင်ရာ အစည်းအဝေး (14th AMMTC) ကို နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် Video Conferencing ဖြင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
Nov 27, 2020
၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲကို “နိုင်ငံ၏တန်ဖိုး လူမျိုး၏ဂုဏ်သိက္ခာ” ဟူသော ခေါင်းစဉ်ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ကျင်းပခဲ့သည်။
Nov 27, 2020
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးကို ယနေ့ညနေ ၆ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Nov 27, 2020
ဗီယက်နမ်နိုင်ငံ၊ အလုပ်သမား၊ မသန်စွမ်းသူများနှင့် လူမှုရေးဝန်ကြီးဌာန၏စီစဉ်မှုဖြင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး နှင့် UNICEF တို့ပူးပေါင်းပါဝင်သည့် အာဆီယံဒေသတွင်းရှိ ကလေးသူငယ်များအနေဖြင့် ကျောင်းများနှင့် အွန်လိုင်းများတွင် အနိုင်ကျင့်ခြိမ်းခြောက်ခံရမှုများ၊ ဆိုက်ဘာတိုက်ခိုက်ခံရမှုများနှင့် စပ်လျဉ်းသည့် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး (1st Online Meeting of Bullying Children at Schools and Online in ASEAN)ကို ယနေ့နံနက်ပိုင်းက အွန်လိုင်းဖြင့် ကျင်းပသည်။
Nov 27, 2020
ရန်ကုန် တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ဘူမိသိပ္ပံဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင် Zoom Video Conference ပုံစံဖြင့် ကျင်းပသည်။
Nov 27, 2020
ကလေးသူငယ်များနှင့် အမျိုးသမီးများမှာ အားနည်းသူများဟု ဆိုရမည် ဖြစ်သည်။ အားနည်းသော ကလေးသူငယ်များနှင့် အမျိုးသမီးများမှာ အကြမ်းဖက်ခံရနိုင်ခြေများသော အုပ်စုများအဖြစ် တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် ကလေးသူငယ်များနှင့်အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် ဥပဒေများပြဋ္ဌာန်းပြီး ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြ ရမည်ဖြစ်သည်။
Nov 27, 2020
ဒီမိုကရေစီနိုင်ငံများသည် ပြည်သူလူထု ထောက်ခံအားပေးမှုအပေါ်မူတည်ကာ အစိုးရအဖွဲ့ ဖွဲ့စည်းအုပ်ချုပ်သည့် စနစ်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီအစိုးရဟူသည် တိုင်းပြည်တစ်ခု၏ နိုင်ငံသားများကို ကိုယ်စား ပြု၏။ ထို့ကြောင့် နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံတစ်ခုနှင့်တစ်ခု နိုင်ငံရေးရာဖြစ်စေ၊ စီးပွားရေးမူဝါဒများဖြစ်စေ၊ ဆက်ဆံဆွေးနွေးနေခြင်းသည် နိုင်ငံသားများကို ကိုယ်စားပြု ဆက်ဆံခြင်းဖြစ်ပါသည်။
Nov 26, 2020
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ Country Director Ms. Mariam Sherman ဦးဆောင်သောအဖွဲ့နှင့် ယနေ့၊ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံဆွေးနွေးသည်။
Nov 26, 2020
ကမ္ဘောဒီးယားနိုင်ငံ အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အထောက်အကူပြုပစ္စည်းများ လှူဒါန်းမှုကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြုလုပ်ရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက လက်ခံခဲ့သည်။