Jul 25, 2026
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဒေသတွင်းရှိပြည်သူများ နည်းပညာဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတ ပိုမိုသိရှိနားလည်စေရေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဧရာဝတီမြစ်ဆုံ - မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ် ဒေသခံကော်မတီတို့က မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲများကို ဇူလိုင် ၂၄ ရက်က မြစ်ကြီးနားမြို့အောင်နန်းရပ်ကွက်နှင့် ပလန-၁ ပိတောက်မြိုင်ကျေးရွာတို့၌ ပြုလုပ်သည်။
Jul 25, 2026
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲမှာ ၂၀၂၀ ပြည့်နှစ် ပါတီစုံရွေးကောက်ပွဲ မဲမသမာမှုကြောင့်ဟု နားလည်ထားကြသော်လည်း ရွေးကောက်ပွဲမတိုင်မီကာလကပင် ပြဿနာတို့စတင်နေခဲ့သည်ကို ယခုအချိန်ထိရှိနေဆဲ အထောက်အထားများတွင် တွေ့ရှိနိုင်သည်။ ထိုစဉ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မေးခွန်းထုတ်ခဲ့သည့် မီဒီယာများနှင့် ကော်မရှင်တာဝန်ရှိသူများကြားမှ တင်းတင်းမာမာ ပဋိပက္ခများ၊ မဲစာရင်းကိစ္စ၊ မဲစာအိတ်များ ပေါက်ပြဲသည့်ကိစ္စ အွန်လိုင်းပေါ်မှ အသံများ၊ စစ်ဆေးတွေ့ရှိခဲ့သော သန်းနှင့်ချီသည့် မဲမသမာမှုအရေအတွက်များ၊ အာဏာရအစိုးရ၏ လွှမ်းမိုးမှုများရှိခဲ့ကြောင်း ရွေးကောက်ပွဲတာဝန်ရှိသူတို့၏ဝန်ခံချက်များ စသည်တို့မှာ ဖျောက်ဖျက်၍မရသော သက်သေများဖြစ်သည်။
Jul 24, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အထူးလိုအပ်သည်ဟုယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များမထားသည့်ဆွေးနွေးပွဲများပြုလုပ်နိုင်ရေး ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က ကမ်းလှမ်း ဖိတ်ခေါ်ခဲ့သည်။
Jul 24, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jul 24, 2026
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။
Jul 24, 2026
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၃ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြရာ ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့ညနေပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန်အောင်ခန်းမ၌ပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့်တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသော PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
Jul 24, 2026
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့မွန်လွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ ရွှေဘိုတပ်နယ်မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။
Jul 24, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ၂၀၂၆ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
Jul 24, 2026
Hyundai ASEAN Championship 2026 အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ ဩဂုတ်လ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းပါဝင်သည့် အုပ်စု(B)ပွဲစဉ်များအနက် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်းနှင့် မလေးရှားအမျိုးသားဘောလုံးအသင်းတို့၏ အုပ်စုအဆင့်ပွဲစဉ်ကို ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
Jul 24, 2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ လူကုန်ကူးခံရသူများညွှန်းပို့ချိတ်ဆက်ရေးစင်တာ၌ လူကုန်ကူးခံရသူများ ဆက်သွယ်အကူအညီတောင်းခံမှုများအပေါ် ပေါင်းစပ်ဆောင်ရွက်နေမှု၊ လိုအပ်သည့်အကူအညီများ ချိတ်ဆက်ဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Jul 24, 2026
သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင်လာရောက်ပြီး ဝန်ဆောင်မှုရယူမည့် သက်ကြီးပုဂ္ဂိုလ်များအား အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးဝန်ဆောင်မှု၊ အပန်းဖြေအနားယူမှုနှင့် မိမိ၏အသိပညာများ ပြန်လည်ဝေမျှပေးနိုင်မှု၊ ဝါသနာပါရာလုပ်ငန်းများ ဆောင်ရွက်နိုင်မှု စသည့်ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသွားရန်၊ ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများအနေဖြင့် စေတနာ၊ ဝါသနာနှင့် ကရုဏာတို့ဖြင့် သက်ကြီးပုဂ္ဂိုလ်များကို မိမိတို့၏ မိဘဘိုးဘွားများကဲ့သို့ နွေးထွေးစွာပြုစုစောင့်ရှောက်ပေးကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် နေပြည်တော် ကလေးပြုစုစောင့်ရှောက်ရေးဌာန၌ ကျင်းပသည့် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (နေပြည်တော်) ဖွင့်ပွဲတွင် တိုက်တွန်းပြောကြားသည်။
မြန်မာနိုင်ငံနှင့် UNFPA တို့အကြား ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ တွေ့ဆုံဆွေးနွေး
Jul 24, 2026
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr.Jaime Nadal Roig အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနရုံးအမှတ်(၁)၌ လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် UNFPA တို့အကြား ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
Jul 24, 2026
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း
Jul 24, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့်အတူ ယနေ့တွင် ဖလမ်းမြို့ရှိနယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းကို သွားရောက်ကြည့်ရှုကြပြီး ဒုတိယဝန်ကြီးက နိုင်ငံတော်အတွက် ပညာရည်မြင့်မား၍ စွမ်းရည်ပြည့်ဝသော မျိုးဆက်သစ်လူငယ်များဖြစ်လာစေရေး၊ ပညာရပ်များတတ်မြောက်၍ ကျောင်းဆင်းပြီးသွားပါက မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပြန်လည်တာဝန်ထမ်းဆောင်စေရေး၊ နယ်စပ်ဒေသတွင်နေထိုင်သည့် တိုင်းရင်းသားပြည်သူလူထု၏ လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် ဆောင်ရွက်လိုသည့်စိတ်ဓာတ်များ ထက်သန်စေရေး ပြုစုပျိုးထောင်လေ့ကျင့်ပေးကြရန် မှာကြားသည်။
Jul 24, 2026
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ဆရာဝန်ရာထူး ၁၆၀ နေရာနှင့် ဆရာဝန်(သွားနှင့်ခံတွင်း) ရာထူး ၄၂ နေရာတို့အတွက် လျှောက်ထားသူ ၁၄၂ ဦးအား စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အထိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအမှတ် (၁၇) ၌ ဆောင်ရွက်လျက်ရှိသည်။
Jul 24, 2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(United Nations Population Fund-UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး ဝန်ကြီးဌာနနှင့် UNFPA တို့အကြား နှစ်ဖက်သဘောတူထားသည့် စီမံကိန်းပါလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးဆောင်ရွက်နိုင်ရေး ဆွေးနွေးသည်။
Jul 24, 2026
MSME ဒီဂျစ်တယ်ချေးငွေလျှောက်ထားခြင်းဆိုင်ရာ အက်ပလီကေးရှင်း(MSME Digital Lending Application) သည် လုပ်ငန်းရှင်များအတွက် ငွေကြေးအရင်းအနှီးလိုအပ်ချက်ကို အချိန်တိုအတွင်း မြန်ဆန်စွာဖြည့်ဆည်းပေးနိုင်မည့် အဓိကပေါင်းကူးတံတားတစ်ခုဖြစ်လာမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
Jul 24, 2026
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့၌ မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယမန်နေ့နံနက်ပိုင်းက Jiegao International Jade & Jewelry Trade Center ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးနှင့် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့ တက်ရောက်ကြသည်။
Jul 24, 2026
အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသမီးရေးရာဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 24, 2026
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့မြို့တော်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းဇော်မိုးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
