Jun 30, 2026
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပေးလိုက်သော လွှတ်တော်အသီးသီးနှင့်အစိုးရတို့ ပေါ်ပေါက်လာခဲ့သည်။ အဆိုပါရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ စုစုပေါင်း၏ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းက လွတ်လပ်သော သဘောဆန္ဒများအလျောက် မဲရုံများသို့ သွားရောက်မဲပေးခဲ့ကြခြင်းဖြစ်သည်။
Jun 29, 2026
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါအဝင် ဒုစရိုက်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးအပ်လျက်ရှိသည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၆) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်
Jun 29, 2026
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၆) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၆) သင်တန်းဖွင့်ပွဲများပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
Jun 29, 2026
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၇ ထပ်လူနေ အဆောက်အအုံ ၁ လုံးကို ထပ်မံ၍စနစ်တကျဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Jun 29, 2026
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ကယားပြည်နယ်အတွင်း စစ်ဆင်ရေးနှင့်နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ အောင်ပွဲအလီလီရရှိခဲ့သည့် အောင်ပွဲရ ရှေ့တန်းပြန်နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်မြို့ရှိနယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည် မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များ တက်ရောက်ကြသည်။
Jun 29, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း အလုပ်သဘောခရီးစဉ် လာရောက်မည်ဖြစ်သည်။
Jun 29, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
Jun 29, 2026
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
Jun 29, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 29, 2026
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ထုတ်ပြန်သည်။ အဆိုပါအောင်စာရင်းကို နံနက် (၄) နာရီတွင် Online မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ရာ စာစစ်ဌာနအလိုက် အောင်စာရင်းများကို www.myanmarexam.org တွင်လည်းကောင်း၊ ခုံအမှတ်ထည့်သွင်း၍ ကြည့်ရှုနိုင်သော အောင်စာရင်းကို result.dme.gov.mm တွင်လည်းကောင်း ထုတ်လွှင့်သည်။
Jun 29, 2026
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Jun 29, 2026
MSMEs “လက်ဖက်ရည်စကားဝိုင်း” (Tea Talk) ကို ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ဇွန် ၃၀ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။
Jun 29, 2026
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများ၌လည်းကောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ၌လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝင်ရောက်ဖြေဆိုသူ ၁၄၁၃၁ ဦးရှိသည့်အနက် အောင်မြင်သူ ၇၀၂၁ ဦး၊ အောင်မြင်မှု ရာခိုင်နှုန်းအနေဖြင့် ၄၉ ဒသမ ၆၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
Jun 29, 2026
၁။ ပညာရေးသည် လူတစ်ဦးချင်းစီ၏ အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေခံပံ့ပိုးပေးသော အရေးကြီးသည့် မဏ္ဍိုင်တစ်ရပ်လည်းဖြစ်ပါသည်။
Jun 29, 2026
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့တွင် တစ်နိုင်ငံလုံး ထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးတိုင်းဒေသကြီးအတွင်း ဖြေဆိုသူ ၄၅၆၃၅ ဦးရှိသည့်အနက် အောင်မြင်သူ ၂၈၃၉၃ ဦးရှိပြီး အောင်မြင်မှုရာခိုင်နှုန်း ၆၂ ဒသမ၂၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
Jun 29, 2026
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများ၌ ထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ကျောင်းသား ကျောင်းသူ ၄၆၈၈၉ ဦး ဝင်ရောက်ဖြေဆိုမှုတွင် ၂၃၂၀၃ ဦး အောင်မြင်ကာ အောင်မြင်မှုရာခိုင်နှုန်း ၄၉ ဒသမ ၄၈ ရာခိုင်နှုန်းရရှိခဲ့ပြီး ခြောက်ဘာသာဂုဏ်ထူးရှင် ၇၉ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၂၉၇ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၆၄၁ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၉၈၈ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၁၇၅ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၂၄၇၉ ဦး ရှိခဲ့သည်။
Jun 29, 2026
မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အများပြည်သူသို့ အသိပေးကြေညာခြင်း မြန်မာနိုင်ငံအတွင်းသို့ ကုန်သွယ်ရေးဦးစီးဌာန၏ တင်သွင်းခွင့်ပြုချက်နှင့် အကောက်ခွန်ဦးစီးဌာနတို့တွင် အခွန်များပေးဆောင်၍ တင်သွင်းရောက်ရှိပြီးသော မော်တော်ယာဉ်များသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ကနဦးမှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်သော်လည်း မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိဘဲ နံပါတ်ပြားအတုများ၊ အလှဆင်နံပါတ်ပြားများတပ်ဆင်၍ အသုံးပြုနေသည်ကိုလည်းကောင်း၊ လုပ်ငန်းသုံးယာဉ်များနှင့် စက်ယန္တရားယာဉ်များသည်လည်း မှတ်ပုံတင်လုပ်ငန်း ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ စီမံကိန်းများနှင့် လုပ်ငန်းခွင်များတွင် တရားမဝင်အသုံးပြုနေသည်ကိုလည်းကောင်း တွေ့ရှိရပါသည်။ အဆိုပါမော်တော်ယာဉ်များသည် တည်ဆဲ ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပါသောကြောင့် ပထမပိုင်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားသောယာဉ်များသည် ၃၀-၆-၂၀၂၆ ရက်နေ့ နောက်ဆုံးထား၍ နီးစပ်ရာကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးများတွင် ကနဦးမှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် သတ်မှတ်ကာလကျော်လွန်သည်အထိ မှတ်ပုံတင်လုပ်ငန်းများ လာရောက်ဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည်ဖြစ်ပါကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။
Jun 29, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ယမန်နေ့က တီးတိန်-တွန်းဇံ လမ်းပိုင်းအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လမ်းများအား ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်၊ လိုအပ်သည့်နေရာများတွင် Culvert များ တည်ဆောက်ရန်၊ မိုးရာသီတွင် ရေမတင်စေရေး အလေးထားဆောင်ရွက်ရန်၊ မိုးတွင်းတွင် တောင်ပြို၍ လမ်းပြတ်တောက်မှုမရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြိုတင်စုဖွဲ့၍ အလေးထားကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။
Jun 29, 2026
World MSME Day အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော် MICC-1 ၌ ကျင်းပလျက်ရှိရာ ဒုတိယနေ့၌ Supporting MSMEs to promoting national Economy ၊ Strategies for Future MSMEs Development ၊ The Crucial Role of MSME Digital Adoption in Building Myanmar’s Digital Economy by FY 2030-2031 ခေါင်းစဉ်များဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များက ဟောပြောခြင်းများ ဆောင်ရွက်ကြသည်။
Jun 29, 2026
ဝါဆိုလပြည့်နေ့သည် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက် ပြာဋိဟာ” ဆိုသည့်အတိုင်း ဗုဒ္ဓဘုရားရှင် ဖြစ်တော်စဉ်ဆိုင်ရာ ထူးခြားသည့်နေ့ထူးနေ့မြတ်ဖြစ်သည်။ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှစ၍ ရဟန်းသံဃာများ ပုရိမဝါကပ်ဆိုတော်မူကြရသည်။ ဝါဆိုလပြည့်နေ့၊ ဝါဆိုလကို ဘုရား၊ ရဟန်းသံဃာများ၏ လမြတ်လထူးအဖြစ် သတ်မှတ်ထားကြသည်။ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ယခုနှစ်တွင် ဝါထပ်ကာလဖြစ်၍ ပထမဝါဆိုလပြည့်နေ့နှင့် ဒုတိယဝါဆိုလပြည့်နေ့ ဟူ၍ရှိပြန်သည်။ ပထမဝါဆိုလပြည့်နေ့တွင် ဘုရား၊ ရဟန်းသံဃာတော်များအား ရည်စူး၍ ကောင်းမှုကုသိုလ်များ ပြုလုပ်ကြရမည်ဖြစ်သည်။
