Jul 01, 2026
ပြည်သူများကိုယ်စိတ်နှလုံးချမ်းမြေ့စွာ လုပ်ကိုင်စားသောက်နေထိုင်နိုင်ရေးအတွက် ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲများကို မိမိတို့ဖြေရှင်းပေးနိုင်သည့်ဘက်မှ ဖြေရှင်းဆောင်ရွက်ပေးသွားရန် ဇွန် ၂၃ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။ ထို့ပြင် ပြည်သူများ၏ လိုလားချက်ကို မှန်ကန်စွာသိရှိနိုင်မှသာလျှင် ဖြေရှင်းပေးနိုင်မည်ဖြစ်သဖြင့် ပြည်သူ့ဆက်ဆံရေး ကောင်းမွန်ရန်လည်းလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Jun 30, 2026
နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၊ ဘက်စုံသုံးခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးက နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံခရီးစဉ်များအတွင်း ဆောင်ရွက်ချက်များ၊ အစိုးရ၏ ရက် ၁၀၀ စီမံချက်အတွင်း ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
Jun 30, 2026
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ဟိုမိန်းဒေသတစ်ဝိုက် စစ်ဆင်ရေးနှင့်နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
Jun 30, 2026
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ် နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဗီယက်နမ်နိုင်ငံသား ၁ဝ ဦးအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။
Jun 30, 2026
တပ်မတော်အနေဖြင့် နယ်မြေဒေသအေးချမ်းသာယာ၍ ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရအစိုးရ၏ လမ်းညွှန်ချက်အောက်တွင် ဒေသခံပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိရာ မြန်မာ - အိန္ဒိယနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး - တမူး လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Jun 30, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် ၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်မည်ဖြစ်သည်။
Jun 30, 2026
နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍကို အထူးအလေးထားပြီး ပညာဖြင့်နိုင်ငံတော်ကို တည်ဆောက်နိုင်ရန် အားပေးမြှင့်တင်ဖော်ဆောင်ပေးလျက်ရှိသည်။
Jun 30, 2026
လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ် သံတမန်ဇုန်ရှိ မြတ်မင်္ဂလာလမ်းနှင့် ချင်းတွင်းလမ်းအကြား၌ကျင်းပရာ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း၊ ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Jun 30, 2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပေါင်းလောင်းမြစ်ပေါ်တွင် တည်ဆောက်ထားသည့် အထက်ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုနှင့် ဓာတ်အားထုတ်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
Jun 30, 2026
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံအမျိုးသားစီးပွားရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ရုရှားသမ္မတ အကယ်ဒမီ (The Russian Presidential Academy of National Economy and Public Administration-RANEPA) ၏ ဖိတ်ကြားချက်အရ စိန့်ပီတာစဘတ်မြို့၌ ဇွန် ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ နာ့ဗ်စကီးဖိုရမ် (10th Interna-tional Nevsky Forum) သို့ တက်ရောက်ဆွေးနွေးခဲ့သည်။
Jun 30, 2026
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 30, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇွန် ၂၇ ရက်က တွန်းဇံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jun 30, 2026
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Jun 30, 2026
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆-၂၀၂၇) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jun 30, 2026
ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝင်းအတွင်း၌ ကျင်းပသည်။
Jun 30, 2026
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံ အစည်းအဝေးခန်းမ၌ အမျိုးသားလွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များအား တွေ့ဆုံသည်။
Jun 30, 2026
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် Naypyitaw State Academy မှ ပါမောက္ခချုပ် ဒေါက်တာနုနုလွင်ဦးဆောင်သည့် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၄၀၀ ကျော်အား ယနေ့ညနေပိုင်း ပြည်သူ့လွှတ်တော်အစည်းအဝေးပြီးချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံသဘင်ဆောင်၌ တွေ့ဆုံသည်။
Jun 30, 2026
မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသအလှအပများနှင့် ရိုးရာယဉ်ကျေးမှုများကို ကမ္ဘာလှည့်ခရီးသွားများ ပိုမိုသိရှိလာစေရန်ရည်ရွယ်၍ ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် Short Video ပြိုင်ပွဲတစ်ခုကျင်းပသွားမည်ဖြစ်ပြီး ပထမဆုကို ငွေကျပ် ၁၅ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
Jun 30, 2026
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး များဖြစ်ကြသော ဦးသိန်းကိုကို၊ ဒေါက်တာကိုကိုနိုင်၊ ဦးဝင်းမြင့်၊ ဒေါ်စိုးခက်ခက်တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင်
Jun 30, 2026
MSME လုပ်ငန်းများသည် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလုပ်အကိုင်အများဆုံး ဖန်တီးပေးနိုင်ရုံသာမက ဒေသတွင်းစီးပွားရေးလည်ပတ်မှုကိုလည်း ပိုမိုအားကောင်းစေပြီး ပြည်သူများ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အထောက်အကူပြုနေသည့် လုပ်ငန်းများဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းအခြေပြု MSME ကုန်ထုတ်လုပ်ငန်းများသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေခံမောင်းနှင်ပေးသည့် အင်အားတစ်ရပ်အဖြစ် စွမ်းဆောင်ပေးလျက်ရှိသည်။
