Jan 13, 2020
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြင်ဦးလွင်ပန်းပွဲတော်သို့ လာရောက်လည်ပတ်ကြသည့် ဧည့်သည်များ စည်းကမ်းမဲ့စွာ စွန့်ပစ်ခဲ့သည့် အမှိုက်သရိုက်မျိုးစုံတို့ကြောင့် အကျည်းတန် အရုပ်ဆိုးနေရသည့် မြင်ကွင်း ၊ ဓာတ်ပုံများ လူမှုကွန်ရက်ပေါ်တွင် တင်ထားသည်ကို တွေ့ရသည်။ လှပစွာပြင်ဆင်ထားသည့် ပန်းပွဲတော်၏ ပြကွင်းပြကွက်များ၊ မြက်ခင်းများ၊ လျှောက်လမ်းများနှင့် ရေကန်များ၏ ရေမျက်နှာပြင်များပေါ်တွင်ပါ အမှိုက်များစွာတို့ကို မြင်မကောင်းလောက်အောင်ပင် ထုနှင့် ထည်နှင့် စည်မဲ့ ကမ်းမဲ့ စွန့်ပစ်ခဲ့ကြခြင်းဖြစ်သည်။
Jan 13, 2020
မြစ်ကြီးနား ဇန်နဝါရီလ ၁၃
(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမာရသွန်ပြိုင်ပွဲ ကျင်းပရေးကော်မတီနှင့် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ဆဋ္ဌမအကြိမ်မြောက် မြစ်ကြီးနား မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက်(၆)နာရီတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်နှင့် သီတာရပ်ကွက်ရှိ သတ်မှတ်နေရာမှ စတင်လွှတ်ရာ အသက်(၁၅)နှစ်အထက်နှင့် အောက်အသက်(၁၂)နှစ် အထက်နှင့်အောက် ကျား၊ မပြိုင်ပွဲများအလိုက် ပြိုင်ပွဲဝင်(၆၀၀၀)ကျော်ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သတ်မှတ်လမ်းကြောင်းများအတိုင်း ယှဉ်ပြိုင်ကြကာ စီတာပူ မနောကွင်းတွင် ပန်းဝင်ကြသည်။
Jan 13, 2020
မြန်အောင် ဇန်နဝါရီ ၁၃
Jan 13, 2020
ရေဖြူ ဇန်နဝါရီ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပသည်။
Jan 13, 2020
နေပြည်တော် ဇန်နဝါရီ ၁၃
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများအားလုံး ပါဝင်သော စုံညီခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁) ၌ ရုံးထိုင်၍ ရာဇဝတ် အထူးအယူခံမှု (၄) မှုနှင့် တရားမအထူးအယူခံမှု (၂)မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှု(၅)မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
Jan 13, 2020
မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်နှိုင်းစာလျှင် ရေမြေသဘာဝ ကောင်းမွန်ခြင်း၊ အစွန်းမထွက် မလွန်ကဲသည့် မျှတမှုရှိသော ရာသီဥတုရှိခြင်း၊ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများ စုံလင်စွာ တည်ရှိခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များပေါများခြင်း စသည့် စိတ်ဝင်စားဖွယ် အနေအထားကောင်းများ များစွာပိုင်ဆိုင်ထားသော နိုင်ငံဖြစ်သည်။
Jan 12, 2020
ပြင်ဦးလွင် ဇန်နဝါရီ ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးပညာဦးစီးဌာနနှင့် ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ပြင်ဦးလွင် ကလေးစာပေပွဲတော်ကို ဇန်နဝါရီ ၁၃ ရက်နေ့က စတင်ကျင်းပပြုလုပ်ရာ ပွဲတော်သို့ လာရောက်လည်ပတ် ပါဝင်ဆင်နွှဲသူများဖြင့် စည်ကားသိုက်မြိုက်ခဲ့ကြောင်း သိရသည်။
Jan 12, 2020
မုံရွာ ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့အတွင်းရှိ နွယ်ငြိမ်းကျေးရွာနှင့် ဝက်လက်မြို့နယ်အတွင်းရှိ အင်ဒေါင်းကျေးရွာတို့ရှိ ရပ်ရွာအခြေပြု ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနေရာ(၂)ခုသို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်အထိ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် (၁၉၇၆)ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးထံမှ သိရသည်။
Jan 12, 2020
ဦးနေအုပ် (ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဋ္ဌ)
ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှု၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုတို့ဖြင့် အခြေခံ ပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ International Schools များ ပူးပေါင်းကျင်းပသည့် ၂၀၂၀ ပြည့်နှစ် Students Festival Myanmar 2020 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ၂၀၂၀ ပြည့်နှစ် Students Festival Myanmar 2020 ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် လာကြသည့် ဆရာများနှင့် ကျောင်းသား ကျောင်းသူတို့၏ စကားသံများကို ဖော်ပြလိုက်ပါသည်။
Jan 12, 2020
စလင်း ဇန်နဝါရီ ၁၃
ဆည်ရေသောက်ဧရိယာ လယ်မြေဧကပေါင်း သုံးသောင်းသုံးထောင်အား ရေပေးဝေနိုင်မည့် စလင်းရေလှောင်တမံ ၊ ရေပိုလွှဲပျက်စီးနေခြင်းအား ဆည်မြောင်းဦးစီးဌာန(တည်ဆောက်ရေး) တာဝန်ရှိသူများက ပြင်ဆင်လျက်ရှိနေပြီး ဒေသခံ တောင်သူများဘက်မှလည်း မိုးတွင်းအမီပြီးစီးရန် မျှော်လင့်နေကြောင်း သိရသည်။