Skip to main content

Jan 12, 2020

ရန်ကုန်   ဇန်နဝါရီ   ၁၂

နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းဟောင်းများ နှစ်ပတ်လည်တွေ့ဆုံပွဲနှင့် ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေ ၅ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ Rainbow Restaurant ၌ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းဟောင်းများအသင်း နာယက ဦးအုန်းဂျော်က အဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက် ၀န်ထမ်းဟောင်းများအသင်း ယာယီဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင် ဦးဉာဏ်ဝင်းတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2020

ရန်ကုန် ဇန်နဝါရီ  ၁၂

စက်ဘီးစီးခရီးစဉ်အတွက် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၂ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်းရှိ အားကစားနှင့် ကာယပညာ ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2020

ဖလမ်း  ဇန်နဝါရီ   ၁၂

ဖလမ်းမြို့နယ်၊ တလန်ရောန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။

ကျောင်းဆောင်သစ်ကို ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်စိုက်ပျိုးရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါးလ်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ အဆိုပါအဆောက်အအုံသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ်သိန်း (၈၀ဝ)ဖြင့် Chin Dairial ကုမ္ပဏီက (၁၂၀×၃၀)ပေ Steel Structre ဖြင့် တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2020

ညောင်လေးပင်  ဇန်နဝါရီ   ၁၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ(၃)ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ပညာဒါန စာသင်ဝိုင်းသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ပညာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပညာဒါနစာသင်ဝိုင်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2020

လူငယ်စင်တာများ ပေါ်ပေါက်လာရေး လူငယ်ဘဝကို အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြားအရွယ်ဟူ၍ သတ်မှတ် ထားသည်။ ယင်းအရွယ်သည် ကာယအား၊ ဉာဏအားတို့ ဖွံ့ဖြိုး တိုးတက်သည့်အရွယ်၊ စိတ်ကူးစိတ်သန်း အတွေးအခေါ်တို့ ဆန်းသစ်သည့် အရွယ်၊ အသိပညာ၊ အတတ်ပညာတို့ အလွယ်တကူ သင်ယူ တတ်မြောက်နိုင်သည့် အရွယ်၊ တီထွင်ဖန်တီးတတ်သည့် အရွယ်၊ လောကကို အသစ်တစ်ဖန် ပြန်လည် တန်ဆာဆင်ကာ တော်လှန် ပြောင်းလဲလိုစိတ်တို့ ထက်သန်တက်ကြွနေတတ်သည့်အရွယ်လည်း ဖြစ်သည်။ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်ဘဝမှာပင် တဖြည်းဖြည်းရင့်ကျက်လာကာ ယင်းမှကျော်လွန်၍ လူရွယ်ဘဝသို့ ရောက်သောအခါ တည်ငြိမ်သွားတတ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2020

တိုင်းရင်းသားပြည်သူအားလုံး၏ တူညီသောဆန္ဒ၊ စုပေါင်းညီညွတ်သော စွမ်းအား၊ စည်းလုံးညီညွတ်မှုခွန်အား၊ အမျိုးသားခေါင်းဆောင်ကြီးများ၊ တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးသော တိုင်းသူပြည်သားအားလုံး၏ စွန့်လွှတ်စွန့်စား အနစ်နာခံကြိုးပမ်းအားထုတ်မှုများကြောင့် မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖြစ်ပေါ် လာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2020

ရန်ကုန် ဇန်နဝါရီ ၁၀


ဂျပန်သံရုံးနှင့် ဂျပန်ဖောင်ဒေးရှင်းတို့မှ ကြီးမှူးကျင်းပသည့် ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၉ - ၂၀၂၀ ကို ယနေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ရှိ နေပြည်တော် ရုပ်ရှင်ရုံတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရို မာရူယားမားနှင့် တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်တို့ တက်ရောက်ပြီး “Masquerade Hotel” ဂျပန်ရုပ်ရှင်ဇာတ်ကားဖြင့် ဖွင့်လှစ်ပြသသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးစုများ မြောက်မြားစွာရှိသော ပြည်ထောင်စုနိုင်ငံ ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ အားလုံး၏ သွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်မှသာလျှင် တိုင်းရင်းသားလူမျိုးအားလုံး ကောင်းစားရေးအတွက် အာမခံနိုင်သော နိုင်ငံ ထူထောင်နိုင်မည်ဖြစ်သည်။ ပြည်ထောင်စုတိုင်းရင်းသားအားလုံး ချစ်ကြည်ရေးနှင့်ညီညွတ်ရေးကို တည်ဆောက်ရာတွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သော အောက်ပါစကားရပ်ကို လေးနက်စွာခံယူရပေမည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2020

ရန်ကုန် ဇန်နဝါရီ ၁၁

The executive committee of International Drama Festival in TOKYO က ကြီးမှူးကျင်းပသည့် J series festival ကို ယနေ့ညနေပိုင်းတွင် ရန်ကုန်ကွန်ဗင်းရှင်းစင်တာ (YCC)၌ ကျင်းပသည်။

အဆိုပါပွဲတော်ကို ၂၀၁၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံတွင်ငါးကြိမ်၊ အင်ဒိုနီးရှားနိုင်ငံတွင် နှစ်ကြိမ်၊ ဗီယက်နမ်နိုင်ငံနှင့် ထိုင်ဝမ်တို့တွင် တစ်ကြိမ်စီကျင်းပခဲ့ကာ ယခု ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်