Jan 03, 2020
နေပြည်တော် ဇန်နဝါရီ ၃
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Bhim K. Udas အား ယနေ့ ညနေ ၃ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ခရီးသွားကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍနှင့် သတင်းမီဒီယာကဏ္ဍဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
Jan 03, 2020
အင်္ဂပူ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင်ကျင်းပပြုလုပ်သည့် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို အခြေခံပညာ အထက်တန်းကျောင်း (ကွင်းကောက်)ရှေ့၌ ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနား အစီအစဉ် ပထမပိုင်းကို ကျင်းပရာ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များက ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ကလေးစာပေပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။
Jan 03, 2020
နေပြည်တော် ဇန်နဝါရီ ၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံတမန်များကိုယ်စား သံတမန်များအဖွဲ့နာယက တီမောလက်စ်တေ သံအမတ်ကြီး မစ္စတာ ဂျူဝေါင်း ဖရေးတက်စ် ဒေ ကာမာရာ က တည်ခင်းဧည့်ခံသည့် နှစ်သစ်ကူးအခါသမယနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယကို ကြိုဆိုသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်သည်။
Jan 03, 2020
နေပြည်တော် ဇန်နဝါရီ ၃
သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အမှတ်(၆၀၄၊ ၆၀၈)၊ ကုန်သည်လမ်း၊ (၃၁-၃၂)လမ်းကြား၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အထိ ရှားပါးအထောက်အထားများပြပွဲကို နေ့စဉ် နံနက် ၁ဝ နာရီမှ မွန်းလွဲ ၃ နာရီအထိ ခင်းကျင်းပြသသွားမည်ဖြစ်သည်။
Jan 03, 2020
လွိုင်လင် ဇန်နဝါရီ ၂
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ ပြည်ထောင်စုကျောက်တိုင်ပေါ်တွင် ထွင်းထုထားသော ပြည်မတောင်တန်း ပူးပေါင်းရေး စာချုပ်အား တောင်တန်းပြည်မပူးပေါင်းရေး စာချုပ် ဟူ၍ ပြန်လည်ထွင်းထုမည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ညှိနှိုင်းဆွေးနွေး
Jan 03, 2020
မန္တလေး ဇန်နဝါရီ ၃
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှ လူမှုဘ၀ဖွံ့ဖြိုး တိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ ပေးလျက်ရှိရာ ယခုနှစ်အတွက် သင်တန်းသား/သူများအား ဇန်နဝါရီလမှစတင် ခေါ်ယူ သင်ကြား လျက်ရှိပြီး ပုံမှန်သင်တန်းများနှင့် အခြားသင်တန်း များလည်း ရှိကြောင်း သိရသည်။
Jan 03, 2020
မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်လိုက်သော ပါမောက္ခချုပ် ဆရာတော်ကြီး၏တရားကို နာရသည့်အခါ နိုင်ငံသားတို့ ညီညွတ်ခြင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်းတို့ ဆက်စပ်မှုကို ကွက်ကွက်ကွင်းကွင်း သိမြင်ရပါသည်။ ကျေးဇူး ကြီးမြတ်လှပါသည်။
မြတ်စွာဘုရား၏ ပိဋကတ်တော်လာဓမ္မများကို ကိုးကားပြီး နိုင်ငံသားတို့အချင်းချင်းကြား ဆန့်ကျင်မှုများပြားခြင်း၊ မညီညွတ်ခြင်းတို့၏ အပြစ်များကို ဟောပြောခဲ့သည်မှာ မြန်မာ့ လူမှုအဖွဲ့အစည်းအတွက် မှတ်သားနာယူဖွယ် ဖြစ်ပါ၏။
Jan 02, 2020
မန္တလေး ဇန်နဝါရီ ၂
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ယခုနှစ် မတ် ၁၁ ရက် မှ ၂၀ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုရန်လျှောက်ထားသူဦးရေမှာ လက်ရှိစာရင်းများအရ ၁၃၃၀၀၀ ကျော်ရှိကြောင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၂၇ ရက်တွင် မန္တလေးမြို့ အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ပြုလုပ်သည့် ကြီးကြပ်ရေးမှူးများ သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံက ပြောကြားသည်။
ပိုမိုများပြားလာ