Oct 12, 2024
နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော သီးနှံစိုက်ခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာအနီးရှိလယ်မြေ ၂၁ ဧကကို စက်မှုလယ်ယာဦးစီးဌာနက မြေပြင်ထွန်ယက်ပေးနေမှု၊ ကောက်စိုက်စက်များဖြင့် မိုးစပါးစိုက်ပျိုး နေမှုကို ကြည့်ရှုအားပေးကြသည်။
Oct 12, 2024
ဂျီနီဗာမြို့၌ မကြာသေးမီကကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၅၇)ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပေါ်ဝေဖန်ပြစ်တင်သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားဂျီနီဗာမြို့၌ မကြာသေးမီကကျင်းပခဲ့သည့် လူ့အခွင့်အရေးကောင်စီ၏ (၅၇)ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံအပေါ်ဝေဖန်ပြစ်တင်သည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင် လည်းကောင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင်လည်းကောင်း သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဝင်ဘဲ ပြုလုပ်ခဲ့သည်။ ကောင်စီအနေဖြင့် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံအပေါ် ဦးတည်သည့် ယန္တရားများ၏ အစီရင်ခံစာအပေါ် ဆွေးနွေးပွဲ စုစုပေါင်း (၆)ကြိမ် ပြုလုပ်ခဲ့ရာ ယင်းတို့သည် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့မျှ အကျိုးမပြုသည့်အပြင် ကုလသမဂ္ဂ၏အချိန်နှင့် အရင်းအမြစ်များကိုလည်း အလဟဿကုန်ခန်းစေသည်။(IIMM)၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင် လည်းကောင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင်လည်းကောင်း သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဝင်ဘဲ ပြုလုပ်ခဲ့သည်။ ကောင်စီအနေဖြင့် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံအပေါ် ဦးတည်သည့် ယန္တရားများ၏ အစီရင်ခံစာအပေါ် ဆွေးနွေးပွဲစုစုပေါင်း (၆)ကြိမ် ပြုလုပ်ခဲ့ရာယင်းတို့သည် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့မျှ အကျိုးမပြုသည့်အပြင် ကုလသမဂ္ဂ၏အချိန်နှင့် အရင်းအမြစ်များကိုလည်း အလဟဿကုန်ခန်းစေသည်။
Oct 12, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး “ကူညီကမ်းဆက်ဂီတလက်ဖြင့်” ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေတေးဂီတ ဖျော်ဖြေပွဲသို့ တက်ရောက် ကြည့်ရှုအားပေးသည်။
Oct 12, 2024
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပြုလုပ်သည့် (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ တက်ရောက်ကြမည့် အာဆီယံရေတပ် အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့သည်။
Oct 12, 2024
နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စ၊ လူရေးလူမှုအစုစုဟူ၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ “နိုင်ငံရေးသဘောအမှန်မှာ ကျွန်ုပ်တို့လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လည်းမဟုတ်၊ နိမ့်ကျလွန်းသည်လည်းမဟုတ်၊ မျက်လှည့်ဗေဒင်လည်းမဟုတ်၊ အဂ္ဂိရတ်လည်းမဟုတ်၊ ကြောက်မက်ဖွယ်ကောင်းသော ကန္တာရခရီးလည်းမဟုတ်၊ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဇောနှင့်လုပ်သော အရေးကိစ္စလည်းမဟုတ်၊ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်၌ ပေါ်ပေါက်ဖြစ်ပွားလျက်ရှိသော အခြေပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက်ရမည်ဖြစ်သော အရေးကိစ္စသာလျှင်ဖြစ်ပေ၏။ အတိုချုပ်ဆိုရလျှင် နိုင်ငံရေးဆိုသည် မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသော ကိစ္စပင်ဖြစ်ပေသည်။ တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟု ဆိုရပေမည်။ ကျွန်ုပ်တို့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်၏” ဟု ဆိုခဲ့ခြင်းဖြစ်သည်။
Oct 11, 2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်များအတွင်း YBS ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များထံမှ အုပ်စုဖွဲ့ခါးပိုက်နှိုက်ယူမှုများ ဖြစ်ပွားလေ့ရှိကြောင်း ဒုစရိုက်မှုကို မလိုလားသူတာဝန်သိပြည်သူများ၏ သတင်းပေးပို့တိုင်တန်းချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
Oct 11, 2024
မန္တလေးတိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
Oct 11, 2024
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်အတူ စပိန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် အမှတ်(၁၅) အဆန်နှင့် ပဲခူး-ရန်ကုန်ခရီးစဉ် အမှတ်(၁၆) အစုန်လူစီးရထားများ စတင်ပြေးဆွဲခြင်းအခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး စတင်ပြေးဆွဲလျက်ရှိရာ ရထားစီးခရီးသည် စီးနင်းမှုများပြားကြောင်း သတင်းရရှိသည်။
Oct 11, 2024
၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် အောက်တိုဘာ (၁)ရက်မှ (၁၅)ရက် နေ့ အထိ (၁၅) ရက်ကြာ ဆောင်ရွက်လျက်ရှိနေပြီး ယနေ့ (၁၁)ရက်မြောက်နေ့အဖြစ် ဆက်လက်ကောက်ယူလျက်ရှိပါသည်။
Oct 11, 2024
မြန်မာနိုင်ငံက ဒုတိယအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး 18th ASEAN Navy Chiefs' Meeting (18th ANCM) ကို အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ရေတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။
Oct 11, 2024
၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။
Oct 11, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ ဇေယျမင်္ဂလာကျောင်းတိုက်အတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Oct 11, 2024
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီခွဲတွင် တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံတွင် ဝေယံထက်(ခ) နောင်ပြဲ မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၅၀၀ ကိုလည်းကောင်း၊ ထို့ပြင် အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ် တံတိုင်းရှည်ကျေးရွာအုပ်စု မြောက်တံတိုင်းရှည်ကျေးရွာနေ သူရမင်း (ခ) မင်းမင်း၏နေအိမ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၅၉၅၀ ကိုလည်းကောင်း၊ အလားတူ ညနေ ၅ နာရီတွင် ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက် မေတ္တာလမ်းနေ မကြူကြူလှိုင် (ခ) ဖားကြီး၏ နေအိမ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၀၀၊ အိုက်စ် သုည ဒသမ ၀၂ ကီလိုကိုလည်းကောင်း။
Oct 11, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Oct 11, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကန်သာအေးကျေးရွာသို့ရောက်ရှိပြီး မြစိမ်းရောင်နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသော အစုအဖွဲ့များနှင့်တွေ့ဆုံ၍ မျိုးစပ်မှု၊ အစာကျွေးမွေးမှု စနစ်တကျရှိရေး၊ ဈေးကွက်ရရှိရေး၊ ဆီထွက်သီးနှံနှင့် စက်မှုသီးနှံဝါစိုက်ပျိုးရေးတို့တွင် သမဝါယမစနစ်ဖြင့် လက်တွဲကူညီပံ့ပိုးဆောင်ရွက်ပေးရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ အစုအဖွဲ့များ၏ နွားမွေးမြူထားမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Oct 11, 2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေးပညာသင်တန်းကျောင်းများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Oct 11, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှည်းကူးပညာရေးဒီဂရီကောလိပ်ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆရာ ဆရာမများနှင့်တွေ့ဆုံကာ သင်ကြားရေးဆရာ ဆရာမများနှင့် ဓာတ်ခွဲခန်းကျွမ်းကျင်ဝန်ထမ်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လှည်းကူးပညာရေးဒီဂရီကောလိပ်တိုးတက်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား၍ တင်ပြချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Oct 11, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပုသိမ်လေဆိပ် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Oct 11, 2024
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ ၂၀ (ဂ) တွင် သတ်မှတ်ပြဋ္ဌာန်းချက်အရ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကို နိုင်ငံတော်၏ မတည်ထောက်ပံ့ငွေဖြင့် ထူထောင်ထားရှိပြီး အဆိုပါရန်ပုံငွေမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများသို့ သက်သာသောအတိုးနှုန်းဖြင့် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါသည်။
Oct 11, 2024
၁၃၈၆ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ် (၃၇) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ အသင်းအတွင်းရေးမှူးဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) နှင့် တွဲဖက်အတွင်းရေးမှူး (၃) ဦးအောင်ကြည် (အောင်ကြည်ညွန့် - တက္ကသိုလ်) တို့က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကြသည်။
