Skip to main content

Aug 14, 2024

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်း၊ ရှေးဟောင်းဘုရားများရှိ ချုံနွယ်ပိတ်ပေါင်းများကို ဧရိယာ ၁၁ ပိုင်း ပိုင်းခြား၍ ရှင်းလင်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2024

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ငွေကျပ် ၁ ဒသမ ၄၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇ ဒသမ ၁၅ သိန်း ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2024

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိ သည့် တရုတ်နိုင်ငံထုတ်ကြွေပန်းကန် ၇၆၈၃ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၆၁၉၁၄၀) ကိုလည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် မလေးရှားနိုင်ငံထုတ် ပုစွန်တစ်ကောင်စားအုန်းဆီ ၁၈ လီတာပါပုံး ၁၄၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Asia Star Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၆၁၉၁၄၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2024

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်စက်မှုဇုန်နှင့် ပျဉ်းမပင်စက်မှုဇုန်တို့တွင် ဩဂုတ် ၁၂ ရက်က အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲကို Musung Garment Co.,Ltd (အထည်ချုပ်စက်ရုံ) နှင့် စိမ်းလန်းသောနယ်မြေသစ် (အထည်ချုပ်စက်ရုံ) တို့မှ အလုပ်သမားများအား အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းက အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2024

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံ တွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာနိုင်ငံသံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ရွှေမြို့တိုးချဲ့မွေးမြူရေးဇုန်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော ဘဲဥသားဖောက်စက်၊ ဘဲမွေးမြူရေးခြံနှင့် ဒေသနွား မျိုးထိန်းမျိုးပွားခြံတို့ကို ကြည့်ရှုစစ်ဆေးပြီး ဘဲမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာရေးနှင့် ဒေသနွားများ တိုးပွားထိန်းသိမ်းရေးဆိုင်ရာများ ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2024

၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူများသည် နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေး ခရီးစဉ်တစ်ခုအဖြစ် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ကြ​ရာ ကျောင်းသား ကျောင်းသူများ၏ ၀မ်းသားပျော်ရွှင်ဖွယ်ရာ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ကျေးရွာများ၏ ရွာတွင်းလမ်းများ ပြုပြင်ဖောက်လုပ်ပေးနေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ထူးချွန် ကျောင်းသား ကျောင်းသူများကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေရေး၊ ပြည်တွင်း ပြည်ပ အတွေ့အကြုံကောင်းများ ရရှိစေရေးတို့အတွက် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၀ ကို နိုင်ငံတော် အစီအစဉ်ဖြင့် ဩဂုတ် ၉ ရက်မှ ၁၃ ရက်အထိ ပြည်ပလေ့လာရေး ခရီးစဉ်စေလွှတ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2024

ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပသည့် လူငယ်ဖိုရမ်တွင် ကဏ္ဍအလိုက်ဆွေးနွေးမှုများ ပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2024

“လူငယ်ကဏ္ဍမြှင့်တင်လို့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖန်တီးစို့” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် လူငယ်ဖိုရမ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2024

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2024

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရဲရဲဝံ့ဝံ့သက်စွန့်ဆံဖျား ထမ်းဆောင်လျက်ရှိသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ထမ်းများနှင့် မိသားစုများသာမက နိုင်ငံအတွင်းမှအသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များကလည်း အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2024

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ကောင်စီဝင်များ အားလုံးပါဝင်သော လပတ်ပုံမှန်အစည်းအဝေး (၄/၂၀၂၄) ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2024

၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိမဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ရောင်းချရန် ခင်းကျင်းပြသထားသည့် ပုလဲအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စမာကျားက ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ ပြီး ၎င်း၏သံအမတ်ခန့်အပ်လွှာမိတ္တူကို ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2024

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ဆေးရုံရှိ ဆေးဝန်ထမ်းများ၊ ဆေးဝါးကုသနေတဲ့ လူနာများ၊ အမျိုးသမီးနှင့် ကလေးပါမကျန် ကြောက်မက်ဖွယ် လူမဆန်စွာရက်ရက်စက်စက်သတ်ဖြတ်ခဲ့မှု” ခေါင်းစဉ်ဖြင့် ဩဂုတ် ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 14, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း ကို အစမ်းခန့်ကာလ (၁) နှစ်ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

ဆက်လက်ဖတ်ရှုရန်