Aug 14, 2024
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအစီရင်ခံစာအရ မြန်မာနိုင်ငံရှိ လူဦးရေစုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းကျော်သည် လူငယ်များဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် လူငယ်ထုအင်အား သို့မဟုတ် လူ့စွမ်းအားအရင်းအမြစ်အင်အား များပြားသည့်အခြေအနေကောင်းများ ပိုင်ဆိုင်ထားသောနိုင်ငံဖြစ်သည်။ ထိုသို့ အင်အားကောင်းမွန်သည့် လူငယ်ထုအင်အားကို ကောင်းစွာပြုစုပျိုးထောင်ပြီး နိုင်ငံတော်အနာဂတ်အတွက် ဖန်တီးတည်ဆောက်ပေးကြရမည်ဖြစ်သည်။
Aug 14, 2024
မိမိတို့နိုင်ငံ၏ မြေပေါ်မြေအောက်တွင်ရှိနေသော ရှေးဟောင်းအမွေအနှစ်များသည် နိုင်ငံနှင့်လူမျိုးတို့၏ သမိုင်းစဉ်တစ်လျှောက် ခေတ်အဆက်ဆက်တွင် ပြောင်းလဲတည်ရှိလာခဲ့သည့် ယဉ်ကျေးမှုဆိုင်ရာ မှတ်တမ်းသက်သေများဖြစ်သည့်အလျောက် မပျောက်မပျက်အောင် လက်ဆင့်ကမ်းထိန်းသိမ်းသွားကြရန်လိုသည်။ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များ၊ စစ်မက်ဘေးနှင့် လူတို့၏ပယောဂများကြောင့် ရှေးဟောင်းအမွေအနှစ်များပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းသည် နိုင်ငံနှင့်လူမျိုးတို့အတွက် အစားထိုး၍မရနိုင်သော အဖိုးတန်သမိုင်းမှတ်တမ်းများ ပျောက်ကွယ်သွားရခြင်းပင်ဖြစ်ရာ ရှေးဟောင်းအမွေအနှစ်များ ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်းတို့မှာ နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည့် အမျိုးသားရေးတာဝန်များပင်ဖြစ်သည်။
Aug 13, 2024
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သူဌေးကွင်းကျေးရွာနေ ဒေါ်သန်းသန်းဆင့် (ခ) မအကြီးမ (၄၉) နှစ်သည် မိသားစုများအလုပ်ကိုယ်စီသွားနေစဉ် နေအိမ်၌တစ်ဦးတည်းကျန်ရှိခဲ့ပြီး မောင်ဖြစ်သူ ကိုမင်းအောင်ကျော် အလုပ်မှနေအိမ်သို့ ည ၆ နာရီခွဲခန့်အချိန် ပြန်လည်ရောက်ရှိစဉ် အစ်မဖြစ်သူ ဒေါ်သန်းသန်းဆင့် (ခ) မအမကြီးမှာ နေအိမ်အိပ်ခန်းအတွင်း ကုတင်ဘေးတွင် ဒဏ်ရာများဖြင့်သေဆုံးနေပြီး နေအိမ်ဘီရိုနှစ်လုံးအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ ၁၀ ကျပ်သားနှင့် ငွေကျပ်သိန်း ၃၀၀၊ လက်ကိုင်ဖုန်း ၃ လုံး၊ မြေအရောင်းအဝယ်စာချုပ် ၁ စောင်၊ စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၉၈၇ သိန်းခန့်ပျောက်ဆုံးလျက်ရှိကြောင်း တွေ့ရှိရသဖြင့် သန်လျင်မြို့မရဲစခန်း (ပ)၂၉၁/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ ဖြင့် အမှုဖွင့်လှစ်ကာ တရားခံများဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့သည်။
Aug 13, 2024
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ သပြေကျေးရွာအုပ်စုတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းဆောင်ရန် အသက်ပြည့်မီသူများ၏နေအိမ်တိုင်းကို ငွေကျပ်တစ်သိန်းခွဲအထိ အုပ်ချုပ်ရေးမှူးက တောင်းယူနေကြောင်းကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းများရေးသားဖြန့်ဝေနေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
Aug 13, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 13, 2024
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်း၊ အကွက်အမှတ် (၅၉၅၈) နေ ဦးသန်းနိုင်ထွန်း (၄၉) နှစ်၏နေအိမ်၌ လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အတွင်း၌ ဦးသန်းနိုင်ထွန်းနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်စောသန္တာဦး (၄၈) နှစ်နှင့် သားဖြစ်သူ ကိုနောင်ရွှေအုပ်စိုး (၂၉) နှစ်တို့အား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး အဆိုပါနေအိမ်ရှိ YGN-36 5E/9185 Ractis အမျိုးအစား ခဲရောင်မော်တော်ယာဉ်မှာ ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဘုရားကုန်းမြို့မရဲစခန်း (ပ)၃၉/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄/၃၄ ဖြင့် အမှုဖွင့်လှစ်စုံစမ်းစစ်ဆေးခဲ့သည်။
Aug 13, 2024
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Aug 13, 2024
နိုင်ငံကူး လက်မှတ်ကိစ္စ၊ ကောင်စစ်ဝန်ဆောင်မှုကိစ္စများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများကို လိမ်လည်နေသူများ၊ Facebook/ Tik Tok အကောင့်ပိုင်ရှင်များကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း အဆိုပါသံရုံးက ထုတ်ပြန်ထားသည်။
Aug 13, 2024
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက အောင်မြေသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်သိမ်ကျောင်းများအား သွားရောက်ကြည့်ရှုသည်။
Aug 13, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 13, 2024
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ၏ အရေးပါသောအခန်းကဏ္ဍကို အသိအမှတ်ပြုသည့်အနေဖြင့်လည်းကောင်း၊ လူငယ်များ၏အခွင့်အရေးများ အပြည့်အဝဖော်ဆောင်ပေးနိုင်ရေးအတွက်လည်းကောင်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့သည်။
Aug 13, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာန၏ စုဝေးခန်းမတွင်ကျင်းပသည့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် အလုပ်သမားဝန်ကြီးဌာန ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
Aug 13, 2024
နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ်(၉၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို အုန်းတောခန်းမ၌ aယနေ့နံနက် ၈ နာရီတွင် ကျင်းပရာ ဒုတိယပါမောက္ခချုပ်(စီမံ ခန့်ခွဲရေး) ဒေါ်မူမူမြင့်က သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။
Aug 13, 2024
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရင်မောင်ညွန့်သည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိစစ်ဆေးပြီး စက်ရုံစားရိပ်သာ၌ ကျင်းပသည့် စက်ရုံရှိ အရာထမ်း၊ အမှုထမ်းများ၏ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
Aug 13, 2024
ပြည်ပသို့ နှစ်စဉ် ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ သန်းခွဲခန့်အထိ တင်ပို့လျက်ရှိပြီး ယခုဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၁၀၀၀ ကျော်ရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ လက်ရှိကာလဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအစီအစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ဩဂုတ် ၁၂ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းပြန်ကြားဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
Aug 13, 2024
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ ဗဟိုအဆင့်နည်းပြသင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲ ၃ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူး (၁) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားအရာရှိများ တက်ရောက်ကြသည်။
Aug 13, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာသြဂုတ် ၉ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် တရုတ်နိုင်ငံထုတ် Neoprene Adhesives လုပ်ငန်းသုံးကော် ကီလိုဂရမ် ၁၁၇၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၆၆၈၃၀၀၀) ကိုလည်းကောင်း၊
Aug 13, 2024
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ဇူလိုင် ၂၄ ရက်နှင့် ၂၅ ရက် က ဒေသခံပြည်သူများ၏ လက်ကိုင်ဖုန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ပြီး VPN Application တွေ့ရှိသည့် ပြည်သူသုံးဦးကို ဖမ်းဆီးခဲ့ကြောင်းနှင့် ဩဂုတ် ၁၀ ရက်က အဆိုပါပြည်သူသုံးဦးကို တစ်ဦးလျှင် ငွေကျပ် ၅ သိန်းတောင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Aug 13, 2024
ချင်းပြည်နယ် မင်းတပ်မြို့ရှိ နယ်မြေခံတပ်ရင်းက ဩဂုတ် ၉ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် မင်းတပ်မြို့အရှေ့ဘက်တွင် တောင်ယာလုပ်ကိုင်နေသည့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့အဝင်ရှိ စစ်ဆေးရေးဂိတ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ် ၁၁ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မုံရွာ-အမြင့်လမ်းဘေးရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီး ကျည်များကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ နှစ်ဦးသေဆုံးကာ ခုနစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်းကောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Aug 13, 2024
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များတွင် လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုသည့်အနေဖြင့်လည်းကောင်း၊ လူငယ်များ၏ အခွင့်အရေးများ အပြည့်အဝ ဖော်ဆောင်ပေးနိုင်ရေးအတွက်လည်းကောင်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့သည်။
