Skip to main content

Aug 13, 2024

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားနှင့် လူငယ်ဖိုရမ်သို့ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေကြသည့် ကချင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၁၂ ရက် (ယနေ့) ညနေ ၅ နာရီတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား နေပြည်တော်-တပ်ကုန်းတွင် လာရောက်လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲပထမနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြီး ပုလဲအတွဲပေါင်း ၇၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်များ တူးဖော်ပြုပြင်ထိန်းသိမ်းခြင်း၊ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံ မန္တလေးမြို့ အခြေစိုက်တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးတွင် ကောင်စစ်ဝန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်မည့် မစ္စ ကောင်းဖျင် (Ms. Gao Ping) က ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်ဂါရဝပြုတွေ့ဆုံပြီး ၎င်း၏ခန့်အပ်လွှာကို လာရောက်ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၀ နှင့် အုပ်ချုပ်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ်စေလွှတ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းက ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် စင်ကာပူနိုင်ငံသို့ ရောက်ရှိပြီး စင်ကာပူနိုင်ငံ သံရုံးယာယီတာဝန်ခံ ဦးဇော်ဇော်စိုး၊ သံမှူးကြီး ဒေါ်စံရာ ရွှေကိုးနှင့် သံရုံးဝန်ထမ်းများက ချန်ဂီလေဆိပ်၌ ကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ကူဝိတ်သံအမတ်ကြီး မစ္စတာ မူဘာရက်(ခ်) အမ်အေအလက်ဝါနီကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

ကမ္ဘာပေါ်တွင် လူအများထိခိုက်သေဆုံးမှု အဖြစ်အများဆုံးအန္တရာယ်သည် ယာဉ်အန္တရာယ်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိလမ်းများပေါ်၌ ယာဉ်မတော်တဆမှုများ နေ့စဉ်ဖြစ်ပွားရာတွင် လူအများ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုများဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ယာဉ်မတော်တဆမှုများ နေ့စဉ်ဖြစ်ပွားခဲ့ပြီး ယခုအခါ ယခင်ကာလများထက်စာလျှင် ယာဉ်မတော်တဆမှုနှင့် ထိခိုက်သေဆုံးမှုများ လျော့နည်းသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 13, 2024

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်း လူထုဆန္ဒပြပွဲများနှင့် အုံကြွမှုများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ရာထူးမှနုတ်ထွက်၍ ပြည်ပသို့ ထွက်ခွာသွားခဲ့ကာ အစိုးရအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် သတင်းများမှာ မိမိတို့နိုင်ငံအဖို့ စိတ်ဝင်စားဖွယ်၊ သတိပြုဖွယ်ပင်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပေါ်ခဲ့သည့် ဆန္ဒပြပွဲများသည် အလုပ်အကိုင်နေရာများ ခွဲဝေမှုအပေါ် မကျေနပ်မှုများမှ ထွက်ပေါ်လာသည်ဟုဆိုသော်လည်း ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ရသည်အထိ ဖြစ်ပေါ်ခဲ့သည့် အုံကြွမှုများ၏ နောက်ကွယ်တွင် ပြည်ပစွက်ဖက်မှုတို့ ရှိနေသည်ဟု သတင်းအချို့က ဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2024

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ထောင်မှ ပဲးခူးတိုင်းဒေသကြီး၊ သာယာဝတီထောင်သို့ ပြောင်းရွှေ့လာသည့် အကျဉ်းသားများကို ထောင်ဝန်ထမ်းများက ဝါးလုံး၊ နံပါတ်တုတ်နှင့် မော်တာပူလီကြိုးများဖြင့် အကြောင်းမဲ့ရိုက်နှက်ပြီး နေပူထဲတွင် ပုံစံထိုင်ခိုင်းပြီး နှိပ်စက်ညှဉ်းပန်းသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2024

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ် ရပ်ကွက်များအတွင်းသို့ ဩဂုတ်လ ၁၀ ရက်နေ့တွင် တပ်မတော်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2024

အကြမ်းဖက်သမားများသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်နှေးစေရန်၊ ဒေသတွင်းကုန်စည်စီးဆင်းမှုရပ်တန့်စေပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ နိုင်ငံတော်အစိုးရ၏ စီမံကိန်းလုပ်ငန်းများကို နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် Drop Bomb များကြဲချတိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2024

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ မြို့မရပ်ကွက်ရှိ ဓမ္မပါလလယ်ပေါ်ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းသို့ ယနေ့မွန်းလွဲပိုင်းတွင် KIA နှင့် KPDF အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံး ၁ လုံးကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျောင်းတိုက်အတွင်း သီတင်းသုံးနေသည့် သံဃာတော် ၂ ပါး ဗုံးစထိမှန်၍ ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၃ ပါး၊ ကိုရင် ၃ ပါးနှင့် အပြစ်မဲ့ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အပြစ်မဲ့အရပ်သားပြည်သူများအပေါ် MNDAA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအား ကန့်ကွက်ရှုတ်ချဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ မွန်ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးခန်း၌ မွန်ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့နှင့် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)တို့မှ ဦးဆောင်၍ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2024

(၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2024

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၄-၈-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၁-၈-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၅,၃၈၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၀၇) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2024

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စွမ်းအင်ဝန်ကြီးဌာန၏ အမှုထမ်း၊ အရာထမ်းအိမ်ရာများနှင့် အပျို/လူပျို ဆောင်များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2024

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ ယခုနှစ်စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးအတွက် ဌာနဆိုင်ရာများနှင့် တောင်သူများ ပူးပေါင်းကြိုးပမ်းလျက်ရှိရာ လက်ရှိအချိန်တွင် မိုးစပါးစိုက်ခင်းများ အောင်မြင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 12, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်