ယခုအခါ ကမ္ဘာနှင့်အဝှမ်းရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ကြုံတွေ့ရလျက်ရှိသည်။ အပူချိန်မြင့်မားလွန်းခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးများခြင်း၊ မိုးခေါင်ခြင်း စသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များကို ရင်ဆိုင်ရလျက်ရှိပါသည်။ နေ့အပူချိန်မြင့်တက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း (Ultra-Violet Index) မြင့်မားခြင်း၊ အပူဒဏ် (Heat Stress) ခံစားရခြင်း၊ လူ၏ခံနိုင်သော အပူချိန်ကို ကျော်လွန်သည့် အပူဒဏ် (High Heat Index) ခံစားရခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ အပူချိန်မြင့်မားလွန်းခြင်းကြောင့် သတိလစ်ခြင်းမှသည် အသက်သေဆုံးသည်အထိ အန္တရာယ်ကြီးပါသည်။