Skip to main content

သဘာဝဘေးအန္တရာယ် စုပေါင်းကျော်လွှား အမြဲကာကွယ်

ကမ္ဘာကြီးပေါ်တွင် ဖွံ့ဖြိုးတိုးတက်ခြင်း ပြယုဂ်ဖန်တီးနိုင်မှု၏ နောက်ဆက်တွဲပြဿနာများကို ရင်ဆိုင်နေကြရသည်။ လူတို့ဖန်တီးမှုမှ တစ်ဆင့်ဖြစ်ပေါ်လာသော အန္တရာယ်များအနက် သဘာဝဘေးအန္တရာယ်သည် အချိန်မရွေး၊ နေရာမရွေး ရုတ်တရက် ဖြစ်ပေါ်နိုင်ပေသည်။ သဘာဝအတိုင်း တည်ငြိမ်အေးချမ်းရာမှ ရုတ်ခြည်းပြောင်းလဲဖောက်ပြန်သော ဖြစ်စဉ်များကို သဘာဝဘေးအန္တရာယ်ဟု သတ်မှတ်ပြီး မိုးသည်းထန်စွာရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း အစရှိသည့် သဘာဝဘေးအန္တရာယ်သည် အချိန်မရွေး ကျရောက်နိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။

တောင်တွင်းကြီးမြို့နယ်တွင် သက်ကြီးဘိုးဘွားများ အပူရှောင်နိုင်ရန် အပူရှောင်စခန်း စတင်ဖွင့်လှစ်

တောင်တွင်းကြီးမြို့နယ်တွင် သက်ကြီးဘိုးဘွားများ အပူရှောင်နိုင်ရန် အပူရှောင်စခန်း စတင်ဖွင့်လှစ် တောင်တွင်းကြီး မေ ၆ အေးမိုးမိုးမြင့်၊ သင်းသင်းမြတ်

စနစ်ရဲ့ အနှစ်သာရ

ဒီအသံတွေက အရင်တုန်းက မကြာခဏကြားခဲ့ကြရတဲ့အသံတွေ ဖြစ်ပါတယ်။ တစ်ခါတလေ မကြားတကြား ပြောကြတာဖြစ်သလို တစ်ခါတလေကျတော့လည်း ကိုယ့်မျက်စိရှေ့မှာတင် ပြောတာခံနေကြရတာ ဖြစ်ပါတယ်။ မီဒီယာဆိုတဲ့ အဖွဲ့အစည်းတွေ အသံကျယ်နိုင်ခဲ့ကြတဲ့ တစ်ချိန်ကဆိုရင် စာမျက်နှာတွေပေါ်မှာ အတင်းအဖျင်းသတင်းတွေလိုကို ဖတ်နေခဲ့ကြရတာ ဖြစ်ပါတယ်။ မီးသတ်သမားဆိုရင် တစ်စက်မှ အကောင်းမမြင်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ရေအရင်းအမြစ်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ဖို့ ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ကြပါစို့

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနိုင်ငံမှသည် တိုးတက်ဖွံ့ဖြိုးသော စက်မှုနိုင်ငံတော်သို့ ဦးတည်ဆောင်ရွက်လျက်ရှိရာ မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေလှောင်ကန်များရှိရေများကို ထာဝစဉ် သန့်ရှင်းနေရန် လိုအပ်ပါသည်။ စိုက်ပျိုးရေးအတွက် အသုံးပြုနေသည့် ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများသည် မြစ်ချောင်းများအတွင်းသို့ တဖြည်းဖြည်း စိမ့််ဝင်လျက်ရှိသကဲ့သို့ စက်ရုံ၊ အလုပ်ရုံများမှ စွန့်ပစ်သော ညစ်ညမ်းသောရေများသည် ရေညစ်ညမ်းမှုပမာဏကို တိုးတက်စေပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများသည် အထူးသဖြင့် ဧရာဝတီမြစ်နှင့် မြစ်လက်တက်များရှိရာ အထက်ပိုင်းတွင်တည်ရှိပါက အလွန်အရေးကြီးပြီး မြစ်အောက်ပိုင်းတွင် နေထိုင်သူများအပေါ် သက်ရောက်နိုင်မှုများ ရှိနိုင်သည်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပေသည်။ ထိုသို့ သက်ရောက်စေမှုများတွင် ရေရရှိနိုင်မှုနှင့် ရေအရည်အသွေးတို့ အပေါ်သာ သက်ရောက်သည်မဟုတ်ဘဲ ရေထုထည် စီးဆင်းမှုနှုန်းများ၊ သဲနုန်းပို့ချမှုဖြစ်စဉ်များအပေါ်တွင်ပါ သက်ရောက်စေပါသည်။

နိုင်ငံ့ရထား ပြည်သူ့အား

မြန်မာနိုင်ငံတွင် ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့မှစ၍ ရန်ကုန်-ပြည်ရထားလမ်း စတင်ဖောက်လုပ်ပြေးဆွဲခြင်းနှင့်အတူ ရထားလုပ်ငန်းပေါ်ထွန်းခဲ့ပြီး ယခုဆိုလျှင် (၁၄၇) နှစ်မြောက် ရှိခဲ့ပြီဖြစ်ပါသည်။ သမိုင်းကြောင်းရှည်လျားခဲ့သည့်ကာလအတွင်း ရထားပြေးဆွဲခြင်း လုပ်ငန်းဖြင့် ပြည်သူတို့အား ဝန်ဆောင်မှုပေးလျက်ရှိသည့် ရင့်ကျက်နေပြီဖြစ်သော ဌာနကြီးတစ်ခု ဖြစ်သည်ဟုလည်း တင်စားလိုက်ရပါသည်။
Subscribe to