Skip to main content

ချွေတာရေး ကျန်းမာရေးအတွက် ဆီလျှော့စားကြရအောင်

ဒီရက်ပိုင်း ရာသီဥတုကပူလွန်းတော့ ဆီပြန်ဟင်းတွေထက်စာရင် ကင်ပွန်းချဉ်ဟင်း၊ ကင်ပွန်းချဉ်ရွက်ကြော်၊ မန်ကျည်းရွက်ချဉ်ဟင်း၊ မန်ကျည်းရွက်သုပ်လေး တွေနဲ့စားရတာ ပိုပြီးထမင်းမြိန်လိုက်တာ။ မန်ကျည်းရွက်က တစ်ပုံငါးရာ၊ ကင်ပွန်းချဉ်က တစ်ထောင်ဖိုး လေးစီး။ တောရွာတွေမှာတော့ မန်ကျည်းတို့၊ တမာတို့က မြို့မှာလို ဝယ်စားဖို့မလို။ ရွက်ဟောင်းကြွေညောင်း၊ ရွက်သစ်ပြောင်းပြီဆိုရင်ဖြင့် စားလို့မကုန်၊ ခူးလို့ မကုန်နိုင်အောင်ပါ။ တက်နိုင်သူ ခူးစားပေရော့ပဲ။

လင်းလက်ကြယ်များ တောက်ပဖို့ စာကြည့်တိုက်ဆီ သွားကြစို့

တနင်္ဂနွေရုံးပိတ်ရက်ဖြစ်တာကြောင့် နံနက်စောစောခြံထဲမှ သစ်ရွက်အမှိုက်များ လှဲကျင်းပြီး ပန်းပင်သီးပင်များ ရေလောင်းနေစဉ်သတင်းစာလာပို့သည့် ဆိုင်ကယ်သံကြားလိုက်သည်နှင့် ကိုယ်တိုင်ပင်ခြံဝထွက်ကာ သတင်းစာယူလိုက်ပါသည်။ အခြားနေ့တွေကတော့ သတင်းစာထည့်မည့် ပလတ်စတစ်ဘူးလေးထဲ ထည့်ခဲ့ခြင်းကြောင့် သတင်းစာဖတ်ဖို့ယူလိုက်တိုင်း သတင်းစာအလိပ်ကလေးကို ဆန့်အောင်အတော်ဖြန့်ရသည်။ ဒီနေ့တော့ သတင်းစာကို ပျော့ပျော့ပြောင်းပြောင်း ကိုင်ဖတ်ရတာကြောင့် ကိုင်ရဖတ်ရအတော်ကို အဆင်ပြေသည်။

ကျောက်ဆည်မြို့တွင် သစ်တောသစ်ပင်များနှင့်ကာဗွန်သိုလှောင်မှု အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကျောက်ဆည်မြို့တွင် သစ်တောသစ်ပင်များနှင့်ကာဗွန်သိုလှောင်မှု အသိပညာပေးဆွေးနွေးပွဲ ကျင်းပ ကျောက်ဆည် မေ ၂ အောင်ပိုင်ပိုင်ကျော်

မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌ HIV/AIDS ဘေးဒုက္ခအန္တရာယ်‌‌အကြောင်း သိကောင်းစရာ အသိပညာပေးTalk Show ကျင်းပ

မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌ HIV/AIDS ဘေးဒုက္ခအန္တရာယ်‌‌အကြောင်း သိကောင်းစရာ အသိပညာပေးTalk Show ကျင်းပ မဟာအောင်မြေ မေ ၂ အောင်ဇော်မင်း

လူငယ်တွေကို အန္တရာယ်ထဲတွန်းပို့နေတဲ့ ဂိမ်းတွေကို . . . သတိပြု

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

PDF ဂိမ်း‌ထောင်ချောက်တွင် ကိုယ့်ကိုယ်ကိုယ် မနှစ်မိပါ‌စေနှင့် …

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။

ဝါကြိတ်စက် စက်မှုလုပ်ငန်း၏ လမ်းကြောင်းအသစ်များ

ဝါသည် ကမ္ဘာတစ်ဝန်းတွင် စိုက်ပျိုးထုတ်လုပ်သော သီးနှံတစ်မျိုးဖြစ်ပြီး ကမ္ဘာ့အထည်အလိပ် လုပ်ငန်းကိုတွန်းအားပေးမောင်းနှင်ပါသည်။ ဝါဂွမ်း၏သမိုင်းသည် မှတ်တမ်းတင်ထားသောသမိုင်းထက် သက်တမ်းပိုကြီးပြီး ၎င်းသည် စက်မှုပြုပြင်ပြောင်းလဲရေးကို လှုံ့ဆော်ပေးကာ ကမ္ဘာ့ရေပန်းအစားဆုံး သဘာဝမှရရှိသည့်အမျှင် (Fibre) ဖြစ်ပါသည်။ ၎င်းကိုအသုံးပြုရန် ပြင်ဆင်ရာတွင် ဝါကြိတ်ခြင်းသည် ဝါခူးဆွတ်ပြီးနောက် ဝါစေ့နှင့်အမျှင်ကို ခွဲထုတ်သည့် ပထမဆုံးလုပ်ငန်းစဉ်ဖြစ်ပါသည်။
Subscribe to