Skip to main content

အသည်းရောင်ရောဂါကို အချိန်မဆိုင်းထိန်းချုပ်ရေး ဝိုင်းဝန်းရှာဖွေကုသပေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ နှစ်တစ်နှစ်၏ ဇူလိုင်လ ၂၈ရက်နေ့ကို ကမ္ဘာ့အသည်းရောင်ရောဂါနေ့ (World Hepatitis Day) အဖြစ် သတ်မှတ်ထားရာ ထိုနေ့သို့ရောက်တိုင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ အများပြည်သူများအတွက် အသိပညာနှင့် ကျန်းမာရေးဗဟုသုတများ ရရှိစေ ရန်ရည်ရွယ်၍ ပညာပေးဟောပြောပွဲများကို စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက်ရှိကြပါသည်။ မည်သည့်ရောဂါအတွက်မဆို ရောဂါဖြစ်ပေါ်ခံစားလာမှ ကုသခြင်းထက် မဖြစ်ခင်ကြိုတင်ကာကွယ် ထားခြင်းကပို၍သာလွန်ကောင်းမြတ်လှပါသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း (WHO) က ယခုလိုနှစ်တစ်နှစ်၏ ပြက္ခဒိန်လများတွင် ၉၆ ပါးသော ရောဂါဝေဒနာအမျိုးမျိုးအတွက် ကျန်းမာရေး သတိပေးနေ့များကို သတ်မှတ်ကာ စဉ်ဆက်မပြတ် အသိပေးလျက်ရှိပါသည်။

စိတ်ကူးယဉ်နိုင်ငံရေးမှ နိုးထချိန်တန်ပြီ

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်လာခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ ခိုင်မာတဲ့နိုင်ငံရေးစနစ်တစ်ရပ်ကို တည်ဆောက်ဖို့ ဒီနေ့အထိ ခက်ခက်ခဲခဲ ကြိုးစားနေရတုန်းအခြေ အနေပါ။

စိုးရိမ်စိတ်တွေ လွန်ကဲပြီးလုပ်ရင် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်ဖို့များ

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေ၊ ကာကွယ်ရမည့် နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို သိရှိနိုင်ရန် ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

ဖေ့စ်ဘွတ်က ဘဝမဟုတ်

ကမ္ဘာပေါ်တွင် ဆိုရှယ်မီဒီယာများစွာရှိသည့်အနက် လူအများဆုံးအသုံးပြုသည့် ဆိုရှယ်မီဒီယာမှာ ဖေ့စ်ဘွတ် ဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေ ၇ ဒသမ ၉ ဘီဘီယံ တွင် ဖေ့စ်ဘွတ်သုံးစွဲသူ ၂ ဒသမ ၇ ဘီလီယံ ရှိပါသည်။ ကမ္ဘာ့လူဦးရေ၏ ၃၄ ရာခိုင်နှုန်း ဖေ့စ်ဘွတ် သုံးစွဲပါသည်။ မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်သုံးစွဲသူ ၂၈ ဒသမ ၇ သန်း ရှိသည်ဟု မှတ်တမ်းများက ဆိုပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၅၁ ရာခိုင်နှုန်းက ဖေ့စ်ဘွတ်သုံးစွဲနေသည့်သဘောပါ။ ကမ္ဘာမှာ သုံးစွဲသည့် ရာခိုင်နှုန်းထက် များစွာပိုနေပါသည်။ ဤအချက်သည် စိုးရိမ်စရာ ဖြစ်ပါသည်။

ခုတင်မလုံလောက်မှုတွေ သဘာဝတရားအရကို ပေါ်ပေါက်လာတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲ မြန်မာမှာလည်းဒီလိုပဲ။ ကိုယ့်တစ်နိုင်ငံတည်းမှ အထူးဖြစ်တာမဟုတ်ဘူး။ ကမ္ဘာအနှံ့မှာ လည်း ဒီလိုဖြစ်နေကြတာပဲ (ဒေါက်တာ ဒေါ်ချိုချိုစန်းထူး ဆေးပညာအထူးကု ဆရာဝန်ကြီး)

ဒေါက်တာ ဒေါ်ချိုချိုစန်းထူး ဆေးပညာအထူးကု ဆရာဝန်ကြီး လက်ရှိဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါအခြေအနေနှင့် ပတ်သက်၍ ဘားအံမြို့ ဆေးပညာအထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ချိုချိုစန်းထူးနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်တို့အား တွေ့ဆုံမေးမြန်း ထားပါသည်။ ဒေါက်တာ ဒေါ်ချိုချိုစန်းထူး ဆေးပညာအထူးကု ဆရာဝန်ကြီး

တတ်အားသမျှ ပါဝင်ကုသိုလ်ဒါနပြုခြင်းဖြင့် တိဟိတ်ပုဂ္ဂိုလ်များဖြစ်ကြပါစေ

လူသားတို့လောဘကြောင့်ဖြစ်ရသည့် ဒုဋ္ဌိက္ခန္တရကပ်၊ မောဟကြောင့်ဖြစ်ရသည့် ရောဂန္တရကပ်၊ ဒေါသကြောင့်ဖြစ်ရသည့် သတ္တန္တရကပ်။ ဤကပ်ကြီးသုံးပါးအနက် ကူးစက်ရောဂါကပ်ဘေး ကြောင့် ဖြစ်ရသော ရောဂန္တရကပ်ဘေး ဆိုးကြီးကြောင့် ကမ္ဘာ့လူသားအားလုံး ထိခိုက် ပျက်စီးမှုများစွာဖြင့် လက်တွေ့ရင်ဆိုင်ဖြေရှင်းနေကြရသည်။ ထို့ကြောင့်လည်း ဤသို့ ကပ်ဘေးကြီးများ ရင်ဆိုင်နေရချိန်တွင် ဝေနေယျသတ္တဝါအပေါင်းတို့အနေဖြင့် ဒါနအပါအဝင် ကုသိုလ်ရေးများကိုမမေ့မလျော့ဘဲ အာရုံစိုက် ကုသိုလ်ပြုစေချင်ပါသည်။ လှူတတ်လျှင် မြတ်သည့်အတွက် အလှူဒါနပြုတိုင်းလည်း အပြစ်အနာအဆာကင်းသော ဒါနကုသိုလ်မျိုးသာ ဖြစ်စေချင်ပါသည်။ ဆင်းရဲမှုများကြားက အလှူရေစက်လက်နှင့်မကွာဆိုသလို ဒါနကုသိုလ်ပြု သူများနှင့် မည်သို့သော ကုသိုလ်အမျိုးမျိုးကိုမဆို ဝမ်းမြောက်ကြည်နူးစွာဖြင့် တန်ဖိုးထား ဂုဏ်ယူရမည် ဖြစ်ပါသည်။
Subscribe to