နိုင်ငံတော်အစိုးရသည် ၂၀၀၁ ခုနှစ်မှစတင်လျက် မိမိဘဝတာတစ်လျှောက်လုံး စာပေရေးသားခြင်း၊ စာပေသုတေသနပြုခြင်း လုပ်ငန်းများကို တစိုက်မတ်မတ်ပြုလုပ်လျက် မြန်မာစာပေဖွံ့ဖြိုးရေးကို ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်လျက်ရှိသည့် ပညာရှင်ကြီးများကို “အမျိုးသားစာပေတစ်သက် တာဆု” အဖြစ် နှစ်စဉ်စာဆိုတော်နေ့တွင် ချီးမြှင့်ခဲ့ပါသည်။